အညာလက်ဆောင်ပစ္စည်းများကို ဆွဲဆောင်မှုရှိသော အဆောက်အအုံ၊ နေရာထိုင်ခင်းများဖြင့် ရောင်းချ

အညာလက်ဆောင်ပစ္စည်းများကို ဆွဲဆောင်မှုရှိသော အဆောက်အအုံ၊ နေရာထိုင်ခင်းများဖြင့် ရောင်းချ

ညောင်ဦး-ကျောက်ပန်းတောင်းလမ်းတစ်လျှောက် လမ်းဘေး ဝဲယာရှိ အမှတ်တရလက်ဆောင်ပစ္စည်း
ရောင်းချနေသည့် စျေးဆိုင်တချို့မှ လုပ်ငန်းရှင်များသည် မိမိတို့ရောင်းချသည့် စျေးဆိုင်များသို့ ခရီးသွား
ဧည့်သည်များ ပိုမိုလာရောက်ဝယ်ယူ အားပေးကြရန်အတွက် စျေးဆိုင်အဆောက်အအုံများကို ဆွဲဆောင်မှုရှိသည့်အဆောက်အအုံပုံစံများ ဆောက်လုပ်၍ ရောင်းချမှုပိုများလာကြောင်း ပြန်ကြားရေး
၀န်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် ဒီဇင်ဘာ ၁၂ ရက်က ဖော်ပြထားသည်။

ပုဂံညောင်ဦးမြို့ကို ဝင်ထွက်သွားလာနေသော ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များကို မှီခိုပြီး
စျေးရောင်းနေရသည့် လုပ်ငန်း ရှင်များအနေဖြင့် စျေးပိုရောင်းရစေရန် စျေးဆိုင်အဆောက်အအုံ၊ နေရာ
ထိုင်ခင်းများကို ဆွဲဆောင်မှုရှိသည့် တီထွင်ပြင်ဆင်မှုများ ကို ယခင်ထက် ပိုမိုလုပ်ကိုင်လာကြကြောင်း၊
ပုဂံညောင်ဦးမြို့တွင် ထန်းရည်ချို၊ ထန်းရည်ခါး၊ ထန်းလျက်ခဲအမျိုးမျိုးနှင့် ပျားရည် စသည့် အညာဒေသ
ထွက် လက်ဆောင်ပစ္စည်းများကို ဝယ်ယူရောင်းချကြသည့်အပြင် နွားလှည့်ဆုံဖြင့် ကြိတ်သော မြေပဲ
ဆုံဆီ ကိုလည်း ကြိတ်ခွဲရောင်းချပြီး ခရီးသွားရာသီဖြစ်သောကြောင့် အမှတ်တရလက်ဆောင်ပစ္စည်း
များကို ယခင်ထက် ပိုရောင်းရကြောင်း ညောင်ဦး-ကျောက်ပန်းတောင်းလမ်းဘေးရှိ အညာဒေသထွက်
အမှတ်တရလက်ဆောင်ပစ္စည်းအမျိုးမျိုး ရောင်းချသည့် စျေးဆိုင်ရှင်တစ်ဦးက ပြောကြားခဲ့သည်။