ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်နှင့် ဆိုးလ်အမျိုးသမီး တက္ကသိုလ်တို့အကြား ပညာရေး
ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ မြှင့်တင်ရေးအတွက် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲ
အခမ်းအနားကို ဒီဇင်ဘာ ၁၂ ရက်က ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်ရှိ ကိုရီးယားဘာသာ
ဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာ
တွင် ဒီဇင်ဘာ ၁၄ ရက်က ဖော်ပြထားသည်။
ဆိုးလ်အမျိုးသမီးတက္ကသိုလ်နှင့် ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်၊ ကိုရီးယားဌာနအနေဖြင့်
ပထမအကြိမ်လက်မှတ် ရေးထိုးခြင်းဖြစ်ကြောင်း၊ နှစ်နိုင်ငံ ကျောင်းသားကျောင်းသူများ ဖလှယ်
ပညာ သင်ကြားရန် အစီအစဉ်နှင့် နှစ်နိုင်ငံ ဆရာ ဆရာမများအကြား ဘာသာရပ်ဆိုင်ရာ ပူးပေါင်း
ဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်ရန်၊ အပြန်အလှန်သွားရောက်မှုအစီအစဉ် များ၊ လုပ်ငန်းညှိနှိုင်းမှု
များ ပါဝင်မည် ဖြစ်ကြောင်း ကိုရီးယား ဘာသာဌာနမှူး ဆရာမဒေါ်စိန်စိန်အေးက ပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားတွင် ကိုရီးယားနိုင်ငံ Oesolhoe Association က ရန်ကုန် နိုင်ငံခြားဘာသာ
တက္ကသိုလ် ကိုရီးယားဘာသာဌာန မှ ထူးချွန်ကျောင်းသူ ၁ဝ ဦးတို့အား အမေရိကန်ဒေါ်လာ ၃ဝဝ
စီ ပေးအပ်ခဲ့ပြီး Oesolhoe Association ဥက္ကဋ္ဌ Mr.Sung Nack Soo နှင့် ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်တို့က ပညာသင်ထူးချွန်ရရှိသူများအား အောင်လက်မှတ်
နှင့် ဆုငွေများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။










