အကြိမ်(၂ဝ)မြောက် အာရှဖိတ်ခေါ် ပီတန်းပြိုင်ပွဲကို ဒီဇင်ဘာ ၁၇ ရက်မှ ၁၈ ရက်အထိ
နေ့စဉ် နံနက် ရ နာရီမှစ၍ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားပြိုင် ကွင်း၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက် စာမျက်နှာ
တွင် ဒီဇင်ဘာ ၁၄ ရက်နေ့က ဖော်ပြထားသည်။
(၂၉)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာပီတန်းအားကစားအဖွဲ့
အောင်မြင်မှုရရှိရန် နှင့် ပီတန်းအားကစားနည်းအား ပြည်သူလူထုကြား ပိုမို သိရှိလာစေရန်
ရည်ရွယ်ချက်ဖြင့် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ပီတန်းပွဲကို အာရှပီတန်းအဖွဲ့ချုပ်နှင့်
မြန်မာနိုင်ငံ ပီတန်းအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ဝဏ္ဏသိဒ္ဓိ ပီတန်းအားကစားပြိုင်ကွင်း
တွင် အခမဲ့ လာရောက် ကြည့်ရှုအားပေးနိုင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ
သိရသည်။
ပြိုင်ပွဲတွင် မြန်မာ၊ မလေးရှား၊ ထိုင်း၊ စင်ကာပူ၊ လာအို၊ ဘရူနိုင်း၊ တရုတ် (တိုင်ပေ)၊ ဂျပန်၊
ကမ္ဘောဒီးယားနိုင်ငံ အသင်းများ ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်ပြီး ပြိုင်ပွဲအမျိုးအစားများမှာ Men’s
Shooting, Men’s Triples, Women’s Shooting, Women’s Triples, Junior Shooting,
Junior Triples တို့ဖြစ်ကာ ရွှေ ၁၂ ခု၊ ငွေ ၁၂ ခု၊ ကြေး ၂၄ ခု ချီးမြှင့်သွားမည် ဖြစ်သည်ဟု
ဆိုသည်။









