အွန်လိုင်းမှ စီးပွားရေးလုပ်ငန်းများ တွင်ကျယ်စွာလုပ်ကိုင်နေမှုအား စိစစ်ထိန်းချုပ်နိုင်ရန် ဥပဒေတစ်ရပ် လိုအပ်

အွန်လိုင်းမှ စီးပွားရေးလုပ်ငန်းများ တွင်ကျယ်စွာလုပ်ကိုင်နေမှုအား စိစစ်ထိန်းချုပ်နိုင်ရန် ဥပဒေတစ်ရပ် လိုအပ်

မြန်မာနိုင်ငံတွင် e-Marketingနှင့် ပတ်သက်၍ လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် စီးပွားရေး
လုပ်ငန်းများ တွင်ကျယ်စွာ လုပ်ကိုင်လာမှုအား စိစစ်ထိန်းချုပ်နိုင်ရန် ဥပဒေတစ်ရပ်လိုအပ်နေ
ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ပြောကြားချက်ကို ကိုးကားကာ မြဝတီ
သတင်းတစ်ရပ်တွင် ဒီဇင်ဘာ ၁၃ ရက်က ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေအရ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်လျှင် မှတ်ပုံတင်ရမည် ဖြစ်
သောကြောင့် ကမ္ဘာနှင့် အဝန်းကျယ်ပြန့်လာသော အဆိုပါလုပ်ငန်းများကို ထိန်းကျောင်းနိုင်ရန်
အတွက် အွန်လိုင်းကို စိစစ်နိုင်သည့် ဥပဒေ လိုအပ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး
ညွှန်ကြားမှူးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင့်သွင်က ပြောကြားခဲ့သည်။

လူမှုကွန်ရက်စာမျက်နှာ၌ စီးပွားရေး လုပ်ငန်းကြော်ငြာများ တရားမဝင် ထည့် သွင်းရောင်းချရာ
တွင် ကိုယ်ပိုင်အကောင့်များအပြင် အကောင့်တုများဖြင့်လည်း ကြော်ငြာမှုများရှိနေခြင်းကို စိစစ်
အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ ပုဒ်မ ၆၆(ဃ)နှင့် အကျုံးမဝင်သော်လည်း အွန်လိုင်းမှ
တစ်ဆင့် အခွန်တိမ်းရှောင်နေခြင်းများကို အသိပညာပေးရန် လုပ်ငန်းများ ဆောင်ရွက်သွားမည်
ဟု ဆိုသည်။

ထို့ပြင် တရားမဝင်ခရီးသွားလုပ်ငန်းများကို သတင်းစာတွင် ထည့်သွင်းကြော်ငြာဆောင်ရွက်နေ
ခြင်းအား စိစစ်ပေးရန်နှင့် e-Marketing Strategy ကို ထိရောက်စွာ အကောင်အထည်ဖော်ရန်
လိုအပ်နေကြောင်း ခရီးသွား လုပ်ငန်းရှင်များထံမှ သိရ သည်။ လက်ရှိတွင် အိမ်သုံးပစ္စည်းများ၊
အမျိုးသမီး၊ အမျိုးသား အသုံးအဆောင်ပစ္စည်းများ၊ ကလေးအသုံးအဆောင်ပစ္စည်း များ၊ အိမ်ခြံမြေ
အကျိုးဆောင်လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီး သွားလုပ်ငန်း ဝန်ဆောင်မှုများအပြင် အခြားစီးပွားရေး
လုပ်ငန်း ကြော်ငြာများကိုပါ ထည့်သွင်းကြော်ငြာရောင်းချလျက် ရှိကြောင်း သိရသည်။