ဆလုံလူမျိုးစု အရေအတွက် နည်းပါးလာမှုကို ထိန်းသိမ်းဖော်ဆောင်သွားမည်

ဆလုံလူမျိုးစု အရေအတွက် နည်းပါးလာမှုကို ထိန်းသိမ်းဖော်ဆောင်သွားမည်

တနင်္သာရီတိုင်းဒေသကြီး မြိတ်ကျွန်းစုဒေသရှိ ကျွန်းစုများ၌ နေထိုင်ကြသော ဆလုံလူမျိုးစုများသည်
ခေတ်ကာလ ရွေ့လျား လာသည်နှင့်အညီ ပျောက်ကွယ်စပြုလာပြီဖြစ်ရာ သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့်
တိုင်းဒေသကြီး အစိုးရအဖွဲ့များ ပူးပေါင်း၍ ဆလုံလူမျိုးတို့၏ ရိုးရာဓလေ့များကို ဖော်ဆောင်သွားမည်
ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးတင့်သွင်၏
ပြောကြားချက်ကို ကိုးကားကာ မြဝတီ သတင်း တစ်ရပ်တွင် ဒီဇင်ဘာ ၂၇ ရက်က ဖော်ပြထားသည်။

ခေတ်မီလာသည်နှင့်အမျှ ရှိရင်းစွဲ ဆလုံရိုးရာဓလေ့များ၊ ဝတ်စား ဆင်ယင်မှုများမှာ
ဆလုံလူမျိုးများကြားတွင် ယခင်ထက် ခေတ်မီပြီး ပြောင်းလဲစွာ ဝတ်ဆင်လာတာ တွေ့ရပြီး ဆလုံရိုးရာ
ယဉ်ကျေးမှု၊ ဓလေ့စရိုက်များ ပျောက်ကွယ်လာသောကြောင့် ဆလုံလူမျိုးများ၏ ရိုးရာဓလေ့များ
မပျောက်ပျက်စေရန်နှင့် ဆလုံလူမျိုးစုများ၏ အရင်း အမြစ်များ မပျောက်ကွယ်စေရန် စုပေါင်းအင်အားဖြင့်
အသိပညာပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဦးတင့်သွင်က ပြောကြားခဲ့သည်။

ဆလုံလူမျိုးတို့၏ ယဉ်ကျေးမှုနှင့် ဓလေ့စရိုက်များ မပျောက်ကွယ် စေရန် ဆလုံလူမျိုးများရှိရာသို့
သွားရောက် ကာ ၄င်းတို့၏ လိုအပ် ချက်များကို ထိရောက်စွာဖြည့်ဆည်းပေးမည်ဆိုလျှင်
လူမျိုးစုပျောက်ကွယ်မှုကို ထိန်းသိမ်းရာ ရောက်သကဲ့သို့ နိုင်ငံခြားခရီးသွားဧည့်သည်များ၏
ဆလုံရိုးရာဒေသလေ့လာမှု ခရီးသွားနယ်မြေသစ်များလည်း တိုးပွားလာနိုင်ကြောင်း သိရသည်။