ကုန်စည် ၁၅၀ ကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှစ၍ သွင်းကုန်လိုင်စင် လျှောက်ထားရန် မလို

ကုန်စည် ၁၅၀ ကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှစ၍ သွင်းကုန်လိုင်စင် လျှောက်ထားရန် မလို

သွင်းကုန်လိုင်စင်လျှောက်ထားရန် လိုအပ်သည့် ကုန်စည် အမျိုးအမည်ပေါင်း ၄၁ဝဝ ကျော်အနက်
ကုန်စည် ၁၅ဝ ကို ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလမှစ၍ သွင်းကုန်လိုင်စင်လျှောက်ထား ရန် မလိုကြောင်း
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၏ သတင်းထုတ်ပြန်ချက်ကို ကိုးကားကာ
မြဝတီသတင်း တစ်ရပ်တွင် ဒီဇင်ဘာ ၂၇ ရက်က ဖော်ပြထားသည်။

ဖြေလျှော့လိုက်သည့် ကုန်စည်များတွင် ကော်ဖီ၊ လက်ဖက်နှင့် ဟင်းခတ်အမွှေးအကြိုင်များ၊
ရော်ဘာနှင့် ဆက်စပ်ပစ္စည်းများ၊ အလူမီနီယမ်နှင့် ဆက်စပ်ပစ္စည်းများ၊ ခဲသတ္တုနှင့် ဆက်စပ်ပစ္စည်း
များ၊ လျှပ်စစ်ရထား စက်ခေါင်းများနှင့် ဆက်စပ်ပစ္စည်းများ၊ မော်တော်ယာဉ်များနှင့် ဆက်စပ်ပစ္စည်းများ
ပါဝင်သည်ဟု ဆိုသည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည့် အတွက် ကုန်သွယ်မှုစည်းမျဉ်း
စည်းကမ်းများကို လိုက်နာပြီး သွင်းကုန်လိုင်စင်ဖြေလျှော့ပေးခြင်း ဖြစ်ကြောင်း၊
သွင်းကုန် လိုင်စင်လျှောက်ထားရန် မလိုသည့် ကုန်ပစ္စည်းများကို ထပ်မံ ထုတ်ပြန်ပေးသွားမည်
ဖြစ်ကြောင်း ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ယခု ဘဏ္ဍာနှစ်တွင် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်များအား ပို့ကုန် ၁၅၂ မျိုးနှင့် သွင်းကုန် ၁၆၆ မျိုးတို့ကို
လိုင်စင် လျှောက် ထားရန်မလိုဘဲ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနက
ကုန်သွယ်ခွင့်ပြုထားသဖြင့် ကုန်သွယ်မှုလုပ်ငန်းပိုမို မြန်ဆန်ပြီး ကုန်သွယ်မှုလိုငွေပြခြင်းကို
လျှော့ချနိုင်မည် ဖြစ်ကြောင်း သိရသည်။