သားငှက်ထိန်းသိမ်းရေးအဖွဲ့(WCS) ၏ ကူညီပံ့ပိုးမှုဖြင့် ဧရာဝတီလင်းပိုင်ထိန်းသိမ်းစောင့်ရှောက်ရေး
ဧရိယာကို ချဲ့၍ ကင်းလှည့်စစ်ဆေးနိုင်ရေးနှင့် ယခင်ထက် ပိုမိုထိန်းသိမ်း စောင့်ရှောက်နိုင်ရေးအတွက်
သဘောင်္အသစ် တစ်စီး တည် ဆောက်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး၊ ငါးလုပ်ငန်း
ဦးစီးဌာန၏ ပြောကြားချက်ကို ကိုးကားကာ မြဝတီ သတင်းတစ်ရပ်တွင် ဒီဇင်ဘာ ၂၈ ရက်က
ဖော်ပြထားသည်။
ဧရာဝတီလင်းပိုင်ထိန်းသိမ်းစောင့်ရှောက်ရေးဧရိယာသည် မန္တလေး၊ မင်းကွန်းမှ ကျောက်မြောင်း
(ရေတော် ဘုရား)နှင့် မန္တလေးမြို့မှ စဉ့်ကူးမြို့နယ် ရွာသာကျေးရွာထိ ရှိပြီး၊ ၄င်း ဧရိယာအတွင်း
လစဉ် ပုံမှန်ကင်းလှည့်ခြင်းများ ဆောင်ရွက် နေပြီး လင်းပိုင်ထိန်းသိမ်းစောင့်ရှောက်ရေးဧရိယာကို
ထပ်မံ တိုးချဲ့ရန်လည်း စီစဉ်နေကြောင်း၊ အသစ်တည်ဆောက်မည့် သင်္ဘောပြီးစီးပါက
ငါးလုပ်ငန်းဦးစီးဌာနက ဦးစီး၍ လင်းပိုင် ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများ ယခုထက်
ပိုမို လုပ်ဆောင်သွားနိုင်မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသ ကြီး၊ ငါးလုပ်ငန်းဦးစီးဌာန၏
ပုံမှန်ကင်းလှည့်ခရီးစဉ် အစီရင်ခံ တင်ပြချက်များမှ သိရသည်။










