မန်းရွှေစက်တော်ဘုရားပွဲတော်ကို ရ၆ ရက်တိုင်တိုင် ကျင်းပသွားမည်

မန်းရွှေစက်တော်ဘုရားပွဲတော်ကို ရ၆ ရက်တိုင်တိုင် ကျင်းပသွားမည်

နှစ်စဉ်နှစ်တိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက် ရှိသော မန်းရွှေစက်တော်ဘုရားပွဲတော်ကို
လာမည့် နှစ် ဖေဖော်ဝါရီ ၁ ရက်မှစ၍ ဧပြီ ၁၇ ရက်ထိ ရ၆ ရက် တိုင်တိုင် စည်ကားသိုက်မြိုက်စွာ
ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့၏ သတင်းထုတ်ပြန်ချက်များကို
ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင် ဒီဇင်ဘာ ၂၈ ရက်က ဖော်ပြထားသည်။

မန်းရွှေစက်တော်ဘုရားပွဲတော်သို့ လာရောက်ကြမည့် ဘုရားဖူးဧည့်သည်များ အဆင်ပြေစွာ
သွားလာနိုင်ရန် အတွက် မန်းရွှေစက်တော်ဘုရားပရိဝုဏ်ရှိ နမ္မဒါတည်းခို ဆောင်လုပ်ငန်း၊
သန့်စင်ခန်းတင်ဒါလုပ်ငန်း၊ ရေချမ်းစင်၊ ညောင်ထောက်၊ ကန်တော့ပွဲတင်ဒါလုပ်ငန်း၊
တည်းခိုဆောင်လုပ်ငန်းနှင့် စျေးဆိုင်ခန်းလုပ်ငန်း စသည့် လုပ်ငန်း များကိုလည်း နှစ်စဉ်နှစ်တိုင်း
ကဲ့သို့ လုပ်ကိုင်ဆောင်ရွက် သွားမည် ဖြစ်ပြီး အဆိုပါလုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်
လိုသူများအနေဖြင့် မင်းဘူးမြို့ရှိ ရွှေစက်တော်ဘုရားကြီး ဂေါပကအဖွဲ့ရုံးတွင် လာရောက်
စုံစမ်း လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း မင်းဘူးမြို့ မန်းရွှေစက်တော်ဘုရား ဂေါပက အဖွဲ့၏
သတင်းထုတ်ပြန်ချက်အရ သိရသည်။