အလောင်းတော်ကဿဖဘုရားဖူးရာသီလမ်းသည် ဘုရား ဝန်းကျင်နှင့် အနီးဆုံးနေရာအထိ လမ်းဖောက်လုပ်မှု
ပြီးစီးနေပြီဖြစ်သည့်အတွက် မုံရွာအခြေစိုက် အလောင်း တော်ကဿပသွား လိုင်းကားများအနေဖြင့်
ဒီဇင်ဘာလ ၂၈ ရက်မှစ၍ ခရီးစဉ်စတင်ပြေးဆွဲနေပြီဖြစ်ကြောင်း မုံရွာ-အလောင်းတော်ကဿပပြေးဆွဲသော
ကားအသင်း ပိုင်ရှင် ဦးညိုဝင်း၏ ပြောကြားချက်ကို ကိုးကားကာ မြဝတီသတင်း
တစ်ရပ်တွင် ဒီဇင်ဘာ ၃၀ ရက်က ဖေ်ာပြထားသည်။
အလောင်းတော်ကဿပကို စတင်ပြေးဆွဲနိုင်ပြီ ဖြစ်သော ကြောင့် ၄င်း၏ ကိုယ်ပိုင်ကားအသင်းအနေဖြင့်
အံစာ တုံးကား အပါအဝင် ကားစုံ ၉စင်း ပြေးဆွဲကာ ဘုရားဖူး တစ်ဦးလျှင် အလောင်းတော်ကဿပ
အသွားအပြန် ကျပ် ၂သောင်းခွဲဖြင့် ၀န်ဆောင်မှုပေးနေကြောင်း၊ ယခင်နှစ် က ယာဉ်လိုင်း ၅လိုင်းသာ
ပြေးဆွဲရာမှ ယခုနှစ်တွင် ၈ သင်းအထိ တိုးချဲ့ပြေးဆွဲသွားမည်ဟု သိရကြောင်း၊ အလောင်းတော်
ကဿပ ဘုရားရင်ပြင်သန့်ရှင်းရေးအဖွဲ့ များကလည်း ခရီးသည်များ အဆင်ပြေစေရန်
ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း ဦးညိုဝင်းက ပြောကြားခဲ့သည်။
ခရီးသည်များအနေဖြင့် အလောင်းတော်ကဿပသို့ သွား ရောက်ကြရာတွင် အနယ်နယ်အရပ်ရပ်မှ
မုံရွာသို့ လာကာ မုံရွာ-အလောင်းတော်ကဿပ ယာဉ်လိုင်းများဖြင့် ချိတ်ဆက်သွားလာနေကြသကဲ့သို့
ကပိုင်ကျေးရွာသို့ အရောက်သွားကာ ထိုမှတဆင့် ပြေးဆွဲသောကားဖြင့် သွားရောက်သည်များရှိကြောင်း
သိရသည်။










