မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ယခုနှစ်အတွင်း ဓနိဖက်ရောင်းစျေးကျဆင်းလာသည့်အပြင်
ဖက်ခုတ်သည့် အလုပ်သမား နည်းပါးလာသောကြောင့် ဓနိခြံ ပိုင်ရှင်များ ယခင်နှစ်ထက် ၀င်ငွေ
အမြတ်အစွန်းနည်း လာကြောင်း ကွမ်သဲကျေးရွာ၊ ဓနိခြံပိုင်ရှင်များ၏ ပြော ကြားချက်ကို ကိုးကားကာ
ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် ဇန်နဝါရီလ ၃ ရက်နေ့က ဖော်ပြထားသည်။
ဓနိဖက်များကို ယခင်နှစ်က ထိုးပြီးသား ဓနစ်ဖက် ၁၀ ဗျစ်တစ်စီးလျှင် ၃၅၀ကျပ်ထိ ရောင်းချရသော်လည်း
ယခုနှစ်တွင် ၂၆၀ ကျပ်ဖြင့်သာ ရောင်းချနေရပြီး ဓနိဖက်ခုတ်အလုပ်သမားများလည်း ရှားပါးလာသော
ကြောင့် လုပ်ခပိုမိုပေးရသဖြင့် ဓနိခြံပိုင်ရှင်များ အမြတ် အစွန်းအနည်းငယ်သာ ရရှိကြောင်း
ဓနိဖက်ခြံပိုင်ရှင် ဒေါ်မတင်ဝင်း၏ ပြောကြားချက်အရ သိရသည်။
ဓနိဖက်များကို နေအိမ်အဆောက်အဦများတွင် ယခင်က အသုံးများသော်လည်း ယခုအခါ ဓနိဖက်အစား
ကြာရှည် ခံသွပ်များ အစားထိုးလာသည့်အတွက် ရောင်းအားအနည်း ငယ်ကျဆင်းရခြင်း ဖြစ်သည်။
ဓနိဖက်များကို ရောင်းချရာတွင် ချောင်းဆုံမြို့နယ်ရှိ ကျေးရွာများမှ လာရောက်ဝယ်သူများ၊
ပြန်လည်ရောင်းချသည့် အရောင်းဆိုင်များ ရှိသည့်အပြင် မွန်ပြည်နယ်တွင် မုဒုံမြို့နယ်၊ ရေးမြို့နယ်၊
ပေါင်မြို့နယ် အလှပ်ကျေးရွာများမှလည်း အဓိကထား ၀ယ်ယူလျှက်ရှိ ကြောင်း သိရသည်။










