ကုန်အမှတ်တံဆိပ် အတုနှင့်အစစ် ပညာပေးအစီအစဉ် ကျင်းပမည်

ကုန်အမှတ်တံဆိပ် အတုနှင့်အစစ် ပညာပေးအစီအစဉ် ကျင်းပမည်

မြန်မာနိုင်ငံတွင် ပထမအကြိမ်အဖြစ် ကုန်အမှတ်တံဆိပ်အစစ်နှင့် ပတ်သက်သော
ပညာပေးအစီအစဉ်ကို ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဥပဒေဘွဲ့ရသူများအသင်း
ဥက္ကဋ္ဌ ဦးဘတင့်ဆွေ၏ ပြောကြားချက်ကို ကိုးကားကာ ပြန်ကြားရေးဝန်ကြီးဌာန၏
လူမှုကွန်ရက်စာမျက်နှာတွင် ဇန်နဝါရီလ ၄ ရက်နေ့ က ဖော်ပြထားသည်။

မြန်မာနိုင်ငံ ဥပဒေဘွဲ့ရသူများအသင်းနှင့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုအမှတ်တံဆိပ် မူပိုင်ခွင့်
အသင်းကြီးတို့ ပူးပေါင်း ကျင်းပသော အဆိုပါ ပညာပေးအစီအစဉ်ကို ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်
မင်းရဲကျော်စွာလမ်း UMFCC ၌ ဇန်နဝါရီ ၂၀ ရက် နံနက် ၁၀ နာရီမှ မွန်းတည့် ၁၂ နာရီအထိ
ကျင်းပမည်ဖြစ်ပြီး ဥပဒေပညာရှင်များက ဆွေးနွေးဟောပြောမည် ဖြစ်ကြောင်း အသင်း၏
အထွေထွေအတွင်းရေးမှူး ဦးအောင်ဌေးဦးက ရှင်းလင်းပြောကြားခဲ့သည်။

ဥပဒေ ကျောင်းသားကျောင်းသူများ၊ ဥပဒေဘွဲ့ရများ၊ လုပ်ငန်းရှင်များ၊ ကုန်ထုတ်လုပ်သူများ၊
ကုန်အမှတ်တံဆိပ်ပိုင်ရှင်များ၊ ကုန်ပစ္စည်းဖြန့်ချိသူများ၊ လက်လီရောင်းချသူများနှင့်
အခြားစိတ်ပါဝင်စားသူများ တက်ရောက်နိုင်ပြီး လူဦးရေ ကန့်သတ်ထားသည့်အတွက်
ဒေါ်နီနီဦး ဖုန်း- ၀၉- ၂၅၀၃၇ ၁၄၈၂ နှင့် ဒေါ်ခင်မာဌေး ဖုန်း- ၀၉-၅၄၁၁၄၄၀ မြန်မာနိုင်ငံ
ဥပဒေဘွဲ့ရသူများအသင်းသို့ ကြိုတင်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။