သီရိလင်္ကာနိုင်ငံ၊ ကန္ဒီမြို့၊ ဗုဒ္ဓစွယ်တော်တိုက်မှ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၌ ပူဇော်ရန်
ပင့်ဆောင်လာခဲ့သည့် ဗုဒ္ဓမြတ်စွယ်တော်ပွားသည် ချောက်မြို့၊ ကျောက်ပန်းတောင်း မြို့နှင့်
ရေနံချောင်းမြို့များ၌ လှည့်လည် အပူဇော်ခံကာ ကိန်းဝပ် စံပယ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏
လူမှုကွန်ရက် စာမျက်နှာတွင် ဇန်နဝါရီလ ၉ ရက်နေ့က ဖော်ပြထားသည်။
ဗုဒ္ဓမြတ်စွယ်တော်ပွားကို မကွေးတိုင်းဒေသကြီး၊ ရေနံချော မြို့ လည်ပေါ်သာသနာ့ဗိမာန်တော်ကြီး၌
ထားရှိပူဇော်ရန် အတွက် သီရိလင်္ကာနိုင်ငံမှ ဆရာတော်ဘန္ဒ္တပညာသီရိ၏ စီစဉ်ပေးမှုဖြင့် ပင့်ဆောင်
ပူဇော်ခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။
ဇန်နဝါရီလ ၅ ရက်တွင် TG Thailand airway ဖြင့် ကိုလံဘို လေဆိပ်မှတဆင့် ပင့်ဆောင်လာရာ
ဇန်နဝါရီလ ၆ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း၊ ထိုမှတဆင့်
KBZ airway လေယာဉ်ဖြင့် ညောင်ဦးလေဆိပ် သို့ ပင့်ဆောင်ခဲ့ပြီး ညောင်ဦးလေဆိပ်မှ ချောက်မြို့သို့
ပင့် ဆောင်၍ တစ်ညတာကိန်းဝပ် အပူဇော်ခံခဲ့သည်ဟု ဆိုသည်။
ထို့နောက် ဇန်နဝါရီ ရ ရက်တွင် ချောက်မြို့မှ ကျောက်ပန်းတောင်း မြို့သို့ ပင့်ဆောင်ခဲ့ပြီး
ကျောက်ပန်းတောင်းမြို့၌ တစ်ညတာကိန်းဝပ် အပူဇော်ခံကာ ဇန်နဝါရီ ၈ ရက်တွင်
မကွေးတိုင်းဒေသကြီး၊ ရေနံ ချောင်းမြို့သို့ ဆက်လက်ပင့်ဆောင်ပူဇော်ခဲ့ကြောင်း၊ အဆိုပါ ဗုဒ္ဓ
မတ်စွယ်တော်ပွားကို လှည့်လည်ပင့်ဆောင်အပူဇော်ခံရာသို့ မြို့ အသီးသီးမှ ဗုဒ္ဓဝေယျာဝစ္စအဖွဲ့များနှင့်
ဝတ်အသင်းများက လိုက်ပါ ပူဇော်ခဲ့ကြပြီး ကိန်းဝပ်အပူဇော်ခံထားရှိရာ ဓမ္မာရုံများသို့လည်း
မြို့ပေါ်ရပ်ကွက်များမှ ဘုရားဖူးပြည်သူများအပြင် ကျေးရွာများမှ ဘုရားဖူးပြည်သူများပါ
လာရောက်ဖူးမြော်ကြည်ညိုခဲ့ကြကြောင်း သိရသည်။










