ဇလုံတောင်ဒေသတွင် ပထမဦးဆုံးလူထု အခြေပြုခရီးသွားလုပ်ငန်း စတင်ဖွင့်လှစ်

ဇလုံတောင်ဒေသတွင် ပထမဦးဆုံးလူထု အခြေပြုခရီးသွားလုပ်ငန်း စတင်ဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်ရှိ ဇလုံတောင်ဒေသတွင် နိုင်ငံခြားသားများနှင့်
ပြည်တွင်း ဧည့်သည်များအတွက် ပထမဦးဆုံး လူထုအခြေပြုခရီးသွား လုပ်ငန်းကို ယခုနှစ် ဇန်နဝါရီ
လဆန်းတွင် စတင်ဖွင့်လှစ်ခဲ့ ကြောင်း လူထုအခြေပြုခရီးသွားလုပ်ငန်းမှ စီမံကိန်းမန်နေဂျာ
ကိုစိန်ကျော်ဦး၏ ပြောကြားချက်ကို ကိုးကားကာ ပြန်ကြားရေး ၀န်ကြီးဌာန၏ လူမှုကွန်ရက်
စာမျက်နှာတွင် ဇန်နဝါရီလ ၁၀ ရက်နေ့က ဖော်ပြထားသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်ရှိ ဇလုံတောင်ဒေသတွင် နိုင်ငံခြားသားများနှင့်
ပြည်တွင်း ဧည့်သည်များအတွက် ပထမဦးဆုံး လူထုအခြေပြုခရီးသွား လုပ်ငန်းကို ယခုနှစ်
ဇန်နဝါရီ လဆန်းတွင် စတင်ဖွင့်လှစ်ခဲ့ ကြောင်း လူထုအခြေပြုခရီးသွားလုပ်ငန်းမှ စီမံကိန်း
မန်နေဂျာ ကိုစိန်ကျော်ဦး၏ ပြောကြားချက်ကို ကိုးကားကာ ပြန်ကြားရေး ၀န်ကြီးဌာန၏
လူမှုကွန်ရက်စာမျက်နှာတွင် ဇန်နဝါရီလ ၁၀ ရက်နေ့က ဖော်ပြထားသည်။

ဇလုံတောင်လူထုအခြေပြုခရီးသွားလုပ်ငန်းကို စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့၏
လမ်းညွှန်မှုဖြင့် ခမိုး၊ ညောင်သာယာ၊ ခိုပြင်ကျေးရွာသုံးရွာမှ မတည်ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ခြင်း
ဖြစ်သည်။ ဂဒူး တ်ိုင်းရင်းသားမျိုးနွယ်စုရိုးရာ အစားအစာများ၊ ရိုးရာဓလေ့ယဉ်ကျေးမှုများ၊
ရိုးရာအကများကို လေ့လာနိုင်မည် ဖြစ်ပြီး ကျေးလက်လူနေမှုဘဝ မြင့်မားစေရန်၊ သဘာဝရေမြေ
တောတောင်များကို ချစ်မြတ်နိုးစေရန်နှင့် ရိုးရာအစဉ်အလာ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများကို
တန်ဖိုးထားတတ်စေရန် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

လူထုခြေပြုလုပ်ငန်းမှ ရရှိလာသည့် အမြတ်ငွေ၏ ၂၀ ရာခိုင်နှုန်း အား ကျေးရွာများ လူမှုဘဝ ဖွံ့ဖြိုး
တိုးတက်ရေးအတွက် ကျန်းမာ ရေး၊ ပညာရေးနှင့် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး ရရှိစေရေး
တို့တွင် အဓိကထားသုံးစွဲသွားမည် ဖြစ်ကြောင်း သိရသည်။