နာဂဒေသရှိ မြန်မာ-အိန္ဒိယ နယ်နိမိတ် မှတ်တိုင် ၂ ခု ကြား မြန်မာဘက်မှ ခြံစည်းရိုးကာမည့် ကိစ္စ ရှင်းလင်းချက်ထုတ်ပြန်

နာဂဒေသရှိ မြန်မာ-အိန္ဒိယ နယ်နိမိတ် မှတ်တိုင် ၂ ခု ကြား မြန်မာဘက်မှ ခြံစည်းရိုးကာမည့် ကိစ္စ ရှင်းလင်းချက်ထုတ်ပြန်

မြန်မာ-အိန္ဒိယ နယ်နိမိတ်မှတ်တိုင် ဘီပီ-၁၄၅ နှင့် ဘီပီ-၁၄၆ အကြား မြန်မာဘက်မှ ခြံစည်းရိုး
ကာရံ မည့် အစီအစဉ်နှင့် စပ်လျဉ်း၍ အများပြည်သူသိရှိနိုင် ရန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ
ရှင်းလင်းချက် ထုတ်ပြန် ထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက် စာမျက်နှာတွင်
ဇန်နဝါရီလ ၁၀ ရက်နေ့က ဖော်ပြထားသည်။

မြန်မာ-အိန္ဒိယ နယ်နိမိတ်မှတ်တိုင် ဘီပီ-၁၄၅ နှင့် ဘီပီ-၁၄၆ အကြား မြန်မာဘက်မှ ခြံစည်းရိုး
ကာရံမည့် အစီအစဉ်၏ အဓိကရည်ရွယ်ချက်မှာ နှစ်နိုင်ငံအကြား နယ်နိမိတ်အား ကျော်လွန်၍
မြန်မာ့ပိုင်နက်နယ်မြေ အတွင်း အဆောက်အအုံများ ဆောက်လုပ်ခြင်းမရှိစေ ရန် ဖြစ်ကြောင်း၊
နယ်နိမိတ်မျဉ်းအနီး နေထိုင်သည့် နှစ်ဖက်ဒေသနေ ပြည်သူများ၏ ထုံးတမ်းစဉ်လာနှင့် အညီ
တရားဝင်နည်းလမ်းဖြင့် နယ်နိမိတ်အား ပုံမှန် ဝင်ထွက်သွားလာမှုကို ကန့်သတ်ရန်
ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်း မဟုတ်ဘဲ မိမိဘက် ဒေသအာဏာပိုင် များအနေဖြင့်
နယ်စပ်စီမံခန့်ခွဲမှုကို ဆောင်ရွက်ရာတွင် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် ဖြစ်ကြောင်း
အဆိုပါ ရှင်းလင်းချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ခြံစည်းရိုးကာရံရာတွင် မြန်မာဘက်အနေဖြင့် အိန္ဒိယ နှင့် ညှိနှိုင်းထားပြီး၊ နှစ်နိုင်ငံအကြား
ချုပ်ဆိုထားသည့် နယ် နိမိတ်စာချုပ်ပါ ပြဋ္ဌာန်းချက်များအပါအဝင် အစည်းအဝေး
သဘောတူညီချက်များနှင့်အညီ ဆောင်ရွက်သွားမည် ဖြစ် ကြောင်း၊ နယ်နိမိတ်မျဉ်းမှ
(၁၀) မီတာအကွာ အဆောက် အအုံ များ မဆောက်လုပ်ရန် တားမြစ်ထားသည့် ၁၀ မီတာ
ပြင်ပ မြန်မာပိုင်နယ်မြေအတွင်း ခြံစည်းရိုးကို ဆောင်ရွက် မည် ဖြစ်ကြောင်းနှင့် နယ်စပ်နေ
ပြည်သူများ အဆင်ပြေစေရန် လိုအပ်သည့် နေရာများတွင် ဝင်ထွက်ပေါက်များ၊ တံခါး များ
စီစဉ်ဆောင်ရွက်ပေးရန် ရှိကြောင်း သိရသည်။