ပြန်ကြားရေးဝန်ကြီးဌာန၏ Webportal အား DoS တိုက်ခိုက်မှု ပြုလုပ်ခံရ

ပြန်ကြားရေးဝန်ကြီးဌာန၏ Webportal အား DoS တိုက်ခိုက်မှု ပြုလုပ်ခံရ

ပြန်ကြားရေးဝန်ကြီးဌာန၏ Webportal ဖြစ်သော www.moi.gov.mm ကို ဇန်နဝါရီလရက်နေ့
ည ၉ နာရီခွဲအချိန်မှ စ၍ DoS attack ဖြင့် တိုက်ခိုက်ခံခဲ့ ရကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏
လူမှု ကွန်ရက် စာမျက်နှာတွင် ဇန်နဝါရီလ ၁၀ ရက်နေ့က ဖော်ပြထားသည်။

ဇန်နဝါရီလ ၈ ရက်နေ့ နံနက် ၄ နာရီအချိန်တွင် Webportal ကို ကြည့်ရှု၍ မရတော့ပါသဖြင့်
Web -portal ကို ပြန်လည်လွှင့်တင်ရန် ဟံသာဝတီ Data Center ၌ နည်းလမ်းအဆင့်ဆင့်ဖြင့်
ပြင်ဆင်ဆောင်ရွက် ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုမှာ ပြည်ပ အခြေပြု IP နံပါတ်များဖြင့်
အများဆုံး တိုက်ခိုက်ခြင်းဖြစ်ကြောင်း စိစစ်တွေ့ရှိခဲ့ရသည်။

MPT Gateway အတွင်းသို့ ဝင်ရောက်လာသော အန္တရာယ်ရှိသည့် IP များကို ပိတ်ခဲ့ပြီး
ဇန်နဝါရီလ ၉ ရက်နေ့ ည ရ နာရီ ၃၆ မိနစ် အချိန်တွင် ပြည်တွင်း ၌ ပြန်ကြားရေးဝန်ကြီးဌာန၏
Webportal ဖြစ်သော www.moi.gov.mm ကို ပြန်လည်ကြည့်ရှုနိုင်ပြီ ဖြစ် သော်လည်း
ပြည်ပနိုင်ငံများနှင့် မိုဘိုင်းဖုန်းများမှ ကြည့်ရှု၍ မရသေးကြောင်း၊ ပြည်တွင်းပြည်ပနှင့်
မိုဘိုင်းဖုန်းများမှ www.moi.gov.mm အား ပြန်လည် ကြည့်ရှုနိုင်ရေးအတွက် ပို့ဆောင်ရေးနှင့်
ဆက်သွယ် ရေးဝန်ကြီးဌာနနှင့် ပြန်ကြားရေး ၀န်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။