မင်္ဂလာစျေး အမြန်ဆုံးပြန်လည်ဆောက်လုပ်ပေးရန် စျေးသူစျေးသားများ ဆန္ဒထုတ်ဖော်

မင်္ဂလာစျေး အမြန်ဆုံးပြန်လည်ဆောက်လုပ်ပေးရန် စျေးသူစျေးသားများ ဆန္ဒထုတ်ဖော်

လွန်ခဲ့သော တစ်နှစ်က မီးဘေးသင့်ခဲ့သော ရန်ကုန်မြို့၊ မင်္ဂလာဈေးကြီးအား အမြန်ဆုံး ပြန်လည်
တည်ဆောက် ပေးရေးအတွက် မင်္ဂလာဈေးသူဈေးသားများက ဇန်နဝါရီ လ ၉ ရက်နေ့တွင် မြို့တော်
ခန်းမရှေ့၌ ဆန္ဒထုတ်ဖော်ခဲ့ ကြကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက် စာမျက်နှာတွင်
ဇန်နဝါရီလ ၁၀ ရက်နေ့က ဖော်ပြထားသည်။

မင်္ဂလာဈေးကြီး မီးလောင်ခဲ့သည်မှာ တစ်နှစ်ပြည့်မြောက်ခဲ့ သော်လည်း ယနေ့အချိန်ထိ
အဆိုပါကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများဘက်မှ ခေါ်ယူဆွေးနွေးညှိနှိုင်းခြင်း
မရှိသည့်အတွက် ဆန္ဒ ထုတ်ဖော်ရခြင်း ဖြစ်ကြောင်း၊ ယာယီဈေးတွင် နေရာချထားခဲ့ပေးခဲ့သော်လည်း
အဆင်မပြေ သည့်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများ သိစေရန် ဆန္ဒထုတ်ဖော်ရခြင်း
ဖြစ်ကြောင်း မီးဘေးသင့် မင်္ဂလာဈေး၊ ဒုတိယထပ်မှ ကိုယ်စားလှယ်ဦးသန်းချိုက
ပြောကြားခဲ့သည်။

မင်္ဂလာဈေး အမြန်ဆုံးတည်ဆောက်ပေးရေး၊ ဈေးသစ် ဆောက်လုပ်ရာတွင် အထပ်မြင့်မြင့်
ဆောက် လုပ်ရေး၊ ဈေးပေါ် အမြန်ဆုံးရောက်ရှိရေးနှင့် ဈေးကိုယ်စားလှယ် များကို တာဝန်ရှိသူများက
အမြန်ဆုံး ခေါ်ယူတွေ့ဆုံပေး ရေးဟူသော အချက်လေးချက်ဖြင့် မင်္ဂလာဈေးသူဈေးသား ၄၀၀ ခန့်က
မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံအနီး၌ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။