FORTUNE PLAZA ၌ အလုပ်အကိုင်နေရာပေါင်း တစ်ထောင်ကျော် ရရှိမည်

FORTUNE PLAZA ၌ အလုပ်အကိုင်နေရာပေါင်း တစ်ထောင်ကျော် ရရှိမည်

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ မင်းနန္ဒာ လမ်းနှင့် သုမနလမ်းထောင့်၌
ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီနှင့် အကျိုးတူပူးပေါင်းဆောင်ရွက် နေသည့်
FORTUNE PLAZA တည်ဆောက်ပြီးစီးသွား ပါက အနည်းဆုံးအလုပ်အကိုင်နေရာပေါင်း
တစ်ထောင် ကျော် ခန့်ထားပေးနိုင်လိမ့်မည်ဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦးက ပြောကြားချက်ကို
ကိုးကားကာ ပြန်ကြားရေး ၀န်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် ဇန်နဝါရီလ ၁၀ ရက်နေ့က
ဖော်ပြထားသည်။

ပလာဇာကြီး အကောင်အထည်ဖော်တည်ဆောက်နိုင်မှု ကြောင့် ဒေသခံပြည်သူများအတွက်
အခွင့်အလမ်းကောင်း များ ပေါ်ထွန်းလာမည် ဖြစ်ကြောင်း၊ ပတ်ဝန်းကျင်ရပ်ကွက် များလည်း
လူနေမှု အဆင့်အတန်းမြင့်မားလာမည် ဖြစ် ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး
ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ရွှေရပ်ဝန်း ဆောက်လုပ်ရေးကုမ္ပဏီတို့
ပူးပေါင်းကာ အဆိုပါ FORTUNE PLAZA ကို ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်း၌ စတင်တည်ဆောက်ခဲ့
ကြောင်း၊ အကျယ်အဝန်းအားဖြင့် ၁၆ ဧကရှိသော အဆိုပါ စီမံကိန်းတွင် ပလာဇာအပြင်
လူနေဆိုင်ခန်းပေါင်း ၁၃၂ ခန်း ပါဝင်ကြောင်း၊ ၂၀၁၈ ခုနှစ် ဇွန်လတွင် တည်ဆောက်မှုအားလုံး
ပြီးစီးမည် ဖြစ်ကြောင်း FORTUNE PLAZA မှ CEO မိုက်ကယ် ချန်းက ရှင်းပြခဲ့သည်။