မောင်တောခရိုင်ရှိ ငါးဖမ်းရေယာဉ်များအား မှတ်ပုံတင်ပေးမည်

မောင်တောခရိုင်ရှိ ငါးဖမ်းရေယာဉ်များအား မှတ်ပုံတင်ပေးမည်

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း အကြမ်းဖက်မှုဖြစ်စဉ်များ ဖြစ်ပွားခဲ့မှုကြောင့်
ရပ်နားထားရသော ငါးဖမ်းရေယာဉ်များအား ခုတ်မောင်းပြေးဆွဲခွင့်လိုင်စင်၊ ငါးဖမ်းခွင့်လိုင်စင်များနှင့်
ရေယာဉ် မှတ်ပုံတင်များကို ကျေးရွာအရောက် ကွင်းဆင်းစစ်ဆေးပြီး ထုတ် ပေးနိုင်ရန်
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီး ဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင်
ဇန်နဝါရီလ ၁၁ ရက်နေ့က ဖော်ပြထားသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း အကြမ်းဖက်မှုဖြစ်စဉ်များ ဖြစ်ပွားခဲ့မှုကြောင့်
ရပ်နားထားရ သော ငါးဖမ်းရေယာဉ်များအား ခုတ်မောင်းပြေးဆွဲခွင့်လိုင်စင်၊ ငါးဖမ်းခွင့်
လိုင်စင်များနှင့် ရေယာဉ် မှတ်ပုံတင်များကို ကျေးရွာအရောက် ကွင်းဆင်းစစ်ဆေးပြီး
ထုတ် ပေးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီး ဌာန၏
လူမှုကွန်ရက်စာမျက်နှာတွင် ဇန်နဝါရီလ ၁၁ ရက်နေ့က ဖော်ပြထားသည်။

၂ဝ၁၆ ခုနှစ် အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်များ ကြောင့် ငါးဖမ်းလုပ်ငန်းများ
ရပ်ဆိုင်း ထားခဲ့ရသည့်အတွက် ဒေသ ခံများ ဝင်ငွေရရှိရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ
ပြန်လည် ရရှိရေး အတွက် ငါးဖမ်းလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်ရန် ယခုအခါ
ဒေသအာဏာပိုင်များ၊ လုံခြံုရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း
ခရိုင်ငါးလုပ်ငန်းဦးစီး ဌာန ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးနိုင်ဝင်းသိန်းက ပြောကြားခဲ့သည်။

မောင်တောဒေသတည်ငြိမ်လာပြီဖြစ်သည့်အတွက် ငါးဖမ်းဆီးခြင်း လုပ်ငန်းများ ဆောင်ရွက်ရန်
ငါးဖမ်းစက်လှေများ အသိအမှတ်ပြု လိုင်စင်များ အချိန်တိုအတွင်း ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်
ရှိပြီး ဖမ်းဆီးရမိသော ငါးများကို ပြည်ပသို့ ရောင်းချခြင်းမပြုရေး တားမြစ်ထားကြောင်း၊
ပြည်တွင်းစားသုံးမှု ဖူလုံမှသာ ပြည်ပသို့ တင်ပို့နိုင်ရန် ငါးလုပ်ငန်းဦးစီးဌာနက
ကြီးကြပ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

လိုင်စင််များ သက်တမ်းတိုးပေးခြင်း၊ အသစ်မှတ်ပုံတင်ပြုလုပ်ရန်နှင့် ငါးဖမ်းခွင့်လိုင်စင်များပြုလုပ်ရန်
အတွက် အလျား၊ အနံ၊ ဇောက် တိုင်း တာခြင်းတို့အတွက် အင်ဂျင်ပါဝါ မြင်းကောင်ရေ
၂ဝ အောက် ဖြစ် ပါက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဆောင်ရွက်ပေးပြီး မြင်း ကောင်ရေ
၂ဝ အထက် ဖြစ်ပါက ရေကြောင်းပို့ဆောင်ရေး ညွှန်ကြား မှုဦးစီးဌာနက ဆောင်ရွက်ပေးလျက်
ရှိကြောင်း သိရသည်။ ရေယာဉ် လိုင်စင်ဆောင်ရွက်ပြီးပါက တစ်နှစ်သက်တမ်းခွင့်ပြုထားပြီး လိုင်စင်
ထုတ်ပေးထားသော ရေယာဉ်များ စည်းကမ်းလိုက်နာမှု ရှိ၊ မရှိကို ရေယာဉ်စည်းကမ်းထိန်းသိမ်းရေးနှင့်
စစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်း စစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်သွားမည်ဟု
ဆိုသည်။