တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အတွင်းရှိ ဇီဝမျိုးစုံ၊ မျိုးကွဲများနှင့် သဘာဝသစ်တောများ
ကာကွယ်ထိန်းသိမ်းရေး၊ စီမံကိန်းလုပ်ငန်းများအား လေ့လာရန် ဒိန်းမတ်နိုင်ငံ၊ ဘုရင်မကြီး၏
ကြင်ရာ တော်မင်းသား HKH Prins Henrik နှင့် အလှူရှင် အဖွဲ့အစည်း ထားဝယ်မြို့သို့
ရောက်ရှိနေကြောင်း မြဝတီသတင်း တစ်ရပ်တွင် ဇန်နဝါရီလ ၁၁ ရက်က ဖော်ပြထားသည်။
ကြင်ယာတော် မင်းသားနှင့် အဖွဲ့သည် ဇန်နဝါရီ ၉ ရက်နေ့တွင် ထားဝယ်သို့ ရောက်ရှိခဲ့ပြီး
ထားဝယ် ရွှေတောင်စားဘုရားကြီးကို ဖူးမြော်ခဲ့ပြီးနောက် မြို့တွင်းရှိ ကွမ်းသီးနှင့်
သီဟိုဠ်စေ့လုပ်ငန်းများ ကို လေ့လာခဲ့ကြောင်း ခရီးစဉ်စီစဉ်သူ ဒေသခံ ကိုသိန်းထွန်းက
ပြောကြားခဲ့သည်။
အဆိုပါအဖွဲ့သည် ဇန်နဝါရီလ ၁၀ ရက်တွင် မေတ္တာမြို့နယ်၊ ဖောင်းတောကြီးကျေးရွာရှိ
ကျိုက်ဖီး လန်ကျေးရွာဒေသ အစုအဖွဲ့ သစ်တော (ထင်းရှုးတော)သို့ သွားရောက်လေ့လာခဲ့ပြီး
ဇန်နဝါရီ ၁၁ ရက်တွင် ထိုင်းဘုရင်၏ နွေရာသီ စံကျောင်းတော် တည်ရှိရာ ထိုင်းနိုင်ငံ၊
ဟွာဟင်းမြို့သို့ ဆက်လက် ထွက်ခွာကြမည် ဖြစ်ကြောင်း သိရသည်။










