အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)မှ ကျောင်းသားကျောင်းသူများ စုပေါင်း၍ ပန်းချီပြပွဲကျင်းပ

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)မှ ကျောင်းသားကျောင်းသူများ စုပေါင်း၍ ပန်းချီပြပွဲကျင်းပ

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)၊ ပန်းချီဌာနမှ ပထမနှစ်ဂုဏ်ထူးတန်းနှင့်
တတိယနှစ်ကျောင်းသား၊ ကျောင်းသူများ စုပေါင်းပြသသည့် Same Dream Group Show
ပန်းချီ ပြပွဲကို အောင်မြေသာစံမြို့နယ်၊ လမ်း ၈ဝ နှင့် ၂၄ လမ်း ထောင့်ရှိ Cultural Museum ၊
NUAC Art Gallery ၌ ဇန်နဝါရီ ၉ ရက်မှစ၍ ကျင်းပလျက် ရှိကြောင်း မြဝတီသတင်းတစ်ရပ်တွင်
ဇန်နဝါရီလ ၁၁ ရက်နေ့က ဖော်ပြထားသည်။

သင်ကြားတတ်မြောက်ထားသော ပန်းချီပညာကို အများပြည်သူ ကြည့်ရှုခံစားနိုင်စေရန်အတွက်
ကျောင်းသား၊ ကျောင်းသူများ စုပေါင်းပြီး ပထမဆုံးအကြိမ်အဖြစ် ပြသခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပန်းချီကားများ ဆက်လက်ရေးဆွဲကာ ပန်းချီပြပွဲများ စဉ်ဆက်မပြတ် ပြသသွားနိုင်ရန်
ကြိုးစားသွားမည် ဖြစ်ကြောင်း၊ ပန်းချီပြပွဲပြသခွင့်ရခဲ့သည့်အတွက် ဝမ်းသာကြောင်း ပထမနှစ်
ဂုဏ်ထူးတန်းကျောင်းသား ကောင်းမင်းဝေက ပြောကြားခဲ့သည်။

အဆိုပါ ပန်းချီပြပွဲကို ဇန်နဝါရီ ၉ ရက်မှ ၁၁ ရက်ထိ ပန်းချီကား စုစုပေါင်း ၅၁ ကား ပြသမည် ဖြစ်ပြီး
ပန်းချီကားအရွယ်အစား အနေဖြင့် အကြီးဆုံး လက်မ ၂ဝ၊ ၁၅ လက်မနှင့် ၄ လက်မ ၊ ၁၀ လက်မ
အတွင်း ရှိသော ပန်းချီကားများကို ငွေကျပ် ၃ဝဝဝဝ မှ ရ၅ဝဝဝ အတွင်း ရွေးချယ်ဝယ်ယူနိုင်ကြောင်း
သိရသည်။