အားကစားနည်းများအလိုက် နိုင်ပွဲများ ရရှိအောင်မြင်ရေးအတွက် အားကစားအဖွဲ့ချုပ်
အသီးသီးအနေဖြင့် ရေရှည်အစီအမံများ ချမှတ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၏
ပြောကြားချက်ကို ကိုးကားကာ ပြန်ကြားရေး ၀န်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာ
တွင် ဇန်နဝါရီလ ၁၂ ရက်က ဖော်ပြထားသည်။
အားကစားတစ်ခုအောင်နိုင်ရေးအတွက် သိပ္ပံနည်းကျလေ့ကျင့်မှု၊ လျင်မြန်ဖျတ်လတ်မှု၊
အားကစားစိတ်ကြံ့ခိုင်ပြည့်ဝမှုတို့ကို အားကစားသမားတိုင်းက ထားရှိလုပ်ဆောင်သင့်
ကြောင်း၊ အားကစားသမားများအနေဖြင့် ပြိုင်ပွဲတစ်ခုပြီးတိုင်း အနိုင်အရှုံးအပေါ် သုံးသပ်
မှသာ အားကစားတိုးတက်မည် ဖြစ်ကြောင်း၊ အားကစားအဖွဲ့ချုပ်အချင်းချင်း ပူးပေါင်း
ဆောင်ရွက်ရန်နှင့် အတွေ့အကြုံဖလှယ်ရန်လည်း လိုကြောင်း ဝန်ကြီးက ဖြည့်စွက်
ပြောကြားခဲ့သည်။
လာမည့် (၂၉)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အားကစားနည်း
၃၈ နည်း ထည့်သွင်းယှဉ်ပြိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် အဖွဲ့ချုပ်မဖွဲ့ရသေး၍
ယှဉ်ပြိုင်နိုင်ခြင်း မရှိသည့် အားကစားခြောက်နည်း ရှိကြောင်း၊ ၁၉ နည်းမှာ ဆုတံဆိပ်
များ ရရှိနိုင်ပြီး ၁၁ နည်းမှာ ရွှေ၊ ငွေ ရရှိနိုင်သော အားကစားနည်းများ ဖြစ်ကြောင်း သိ
ရသည်။









