ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ မေခအိမ်ရာအတွင်း ဆွစ်ဇာလန် ဖွံ့ဖြိုးရေးအေဂျင်စီ၏
အထောက်အပံ့ဖြင့် အကောင်အထည်ဖော်တည်ဆောက်လျက်ရှိသော စီဗွီတီသက်မွေးမှုအတတ်
ပညာသင်တန်းကျောင်းကြီးမှာ လာမည့်ပညာသင်နှစ်မှစ၍ အသုံးပြုနိုင်မည်ဖြစ်ကြောင်း တာဝန်ရှိသူ
တစ်ဦး၏ ပြောကြားချက်ကို ကိုးကားကာ ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင်
ဇန်နဝါရီလ ၁၃ ရက်က ဖော်ပြထားသည်။
အဆိုပါ သက်မွေးမှုအတတ်ပညာသင်တန်းကျောင်းကို လက်ရှိတွင် ကြက်ခြေနီရုံးချုပ်၌ ဖွင့်လှစ်ထား
ပြီး ၂ဝဝ၂ခုနှစ်မှ စတင်ကာ ဆွစ်ဇာလန်မှ အလုပ်သင်ပညာရေးပုံစံကို အခြေခံပြီး မြန်မာနိုင်ငံရှိ လူငယ်
များနှင့် ကိုက်ညီမည့် သက်မွေးသင်တန်းများ သင်ကြားပေးလျက် ရှိကြောင်း၊ သင်္ဃန်းကျွန်းမြို့နယ်၌
ဆောက်လုပ်ဆဲ သင်တန်းကျောင်းကြီး ပြီးစီးပါက သင်တန်းသား ၅ဝဝ မှ ၁ဝဝဝ ကို တစ်နေရာတည်း
တွင် စာတွေ့၊ လက်တွေ့သင်ကြားပေးနိုင်မည် ဖြစ်ကြောင်း စီဗွီတီမှ စီအီးအေ ဒေါ်ခင်မြတ်စန္ဒာက
ပြောကြားခဲ့သည်။
မတ်လကုန်နှင့် မေလဆန်းတွင် စတင်ဖွင့်လှစ်မည့် သင်တန်းများအတွက် လျှောက်လွှာလက်ခံလျက်
ရှိပြီး တစ်ပတ်လျှင် တစ်ရက်နှုန်းဖြင့် သုံးနှစ်တက်ရသည့် သင်တန်းများဖြစ်ကြောင်း၊ အဓိကအားဖြင့်
စီးပွားရေးအထောက်အကူပြုသင်တန်း၊ လျှပ်စစ်ကျွမ်းကျင်မှုသင်တန်း၊ ပရိဘောဂပြုလုပ်မှု အတတ်
ပညာသင်တန်း၊ ဟိုတယ်နှင့် ဧည့်ဝတ်ပြုမှုဆိုင်ရာသင်တန်း၊ သတ္တုပစ္စည်းထုတ်လုပ်မှု အတတ်ပညာ
သင်တန်းများကို ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း၊ သင်တန်းတက်ရောက်ပြီးပါက ဆွစ်ဇာလန်နိုင်ငံ
အသိအမှတ်ပြု ဒီပလိုမာလက်မှတ်ပေးအပ်ကြောင်း၊ ကျွမ်းကျင်သော အတတ်ပညာရှင်ဘဝမှ လုပ်ငန်း
ရှင်အဖြစ် ချဲ့ထွင်လုပ်ကိုင်နိုင်ကြောင်းလည်း သိရသည်။









