ငါးခိုးဖမ်းသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားခြောက်ဦးအား ပြည်နင်ဒဏ်ပေးခဲ့

ငါးခိုးဖမ်းသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားခြောက်ဦးအား ပြည်နင်ဒဏ်ပေးခဲ့

မြန်မာ့ရေပိုင်နက်အတွင်း ငါးခိုးဖမ်းမှုဖြင့် ပြစ်ဒဏ်ကျခံနေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသားခြောက်ဦး
အား ရာဇဝတ် ကျင့်ထုံးဥပဒေပုဒ်မ ၄ဝ၁ (၁) အရ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြည်နှင်ဒဏ်ပေးရန်
နိုင်ငံတော်သမ္မတရုံးက ဇန်နဝါရီလ ၁၂ ရက်နေ့က အမိန့်ထုတ်ပြန်လိုက်ကြောင်း မြဝတီသတင်း
တစ်ရပ်တွင် ဇန်နဝါရီလ ၁၃ ရက်က ဖော်ပြထားသည်။

ဘင်္ဂလားပင်လယ်အော်၊ မြန်မာ့ရေပိုင်နက်အတွင်းတွင် ငါးဖမ်းစက်လှေဖြင့် ငါးခိုးဖမ်းနေသော
ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ တက္ကနက်မြို့နယ်၊ အုန်းကျွန်းကျေးရွာနေ ရော်ရှီးအူလ္လာနှင့် ငါးဦးတို့အား
၂ဝ၁၆ ခုနှစ်၊ နိုဝင်ဘာ ၉ ရက် မွန်းလွဲ ၂ နာရီခွဲက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါအမှုဖြင့် ၄င်းတို့ခြောက်ဦးအား ဘူးသီးတောင်အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံစေလျက်
ရှိရာမှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြည်နှင်ဒဏ်ပေးရန် ထုတ်ပြန်ခဲ့သည့် နိုင်ငံတော်သမ္မတရုံးအမိန့်
အရ ၄င်းတို့အား ကတိဝန်ခံလက်မှတ်များ ရေးထိုးစေပြီး ဘူးသီးတောင်မြို့နယ်၊ လူဝင်မှုကြီးကြပ်
ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံခဲ့ကြောင်းနှင့် လုပ်ထုံးလုပ်နည်းများနှင့် အညီ
ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။