၂ဝ၁၆ ခုနှစ် နှစ်ကုန်ပိုင်း ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် အင်ကြင်းကျောက် တန်ချိန်သုံးဆယ်ခန့်
တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချပေးခဲ့ရကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏
သတင်းများကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင် ဇန်နဝါရီ ၁၃ ရက်နေ့က ဖော်ပြထားသည်။
အင်းကြင်းကျောက်ကို နိုင်ငံတကာစျေးကွက်များတွင် တန်ဖိုးမြင့်တွင်းထွက်ရတနာအဖြစ် အမြတ်
တနိုး ဝယ်ယူ နေခဲ့ကြသော်လည်း ပြည်တွင်းစျေးကွက်၌ တွင်ကျယ်မှုမရှိသဖြင့့် မြန်မာနိုင်ငံထွက်
အင်ကြင်းကျောက်များကို တရုတ်၊ ထိုင်း၊ ဟောင်ကောင်၊ ဥရောပနှင့် မကာအို စျေးကွက်များသို့
တင်ပို့ရောင်းချနေရခြင်း ဖြစ်သည်။
အဆိုပါ စျေးကွက်များအနက် တရုတ်နိုင်ငံစျေးကွက်သို့သာ အားထားတင်ပို့ ရောင်းချလျက် ရှိပြီး
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ သတင်းများအရ ပြီးခဲ့သည့် ၂ဝ၁၆ခုနှစ် နှစ်
ကုန်ပိုင်း ဒီဇင်ဘာတစ်လ အတွင်း တရုတ်နိုင်ငံသို့ အင်ကြင်းကျောက် တန်ချိန် ငါးဆယ်ကျော်
တင်ပို့ရောင်းချခဲ့ရကြောင်း သိရသည်။









