မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိသော လျှော်ဖြူများကို ပြည်ပစျေးကွက်များသို့ တင်ပို့ရောင်းချနိုင်ရေး
ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူ
ရေးရာ ဦးစီးဌာနကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင် ဇန်နဝါရီလ ၁၃ ရက်က ဖော်ပြထား
သည်။
ယခင်က လျှော်ဖြူကို လျှော်ကြိုးနှင့် ဆေးကုလားမအဖြစ်သာ အသုံးပြုနေရာမှ ယခုအခါ နိုင်ငံတကာ
တွင် စက်မှုလုပ်ငန်း၊ လူသုံးကုန်ပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းများနှင့် အစားအသောက်ထုတ်လုပ်
သည့် လုပ်ငန်းများတွင် ကုန်ကြမ်းပစ္စည်းအဖြစ် တွင်ကျယ်စွာ အသုံးပြုလာနေပြီဖြစ်သောကြောင့်
နိုင်ငံတကာစျေးကွက်များတွင် စျေးကောင်းရရှိနေသည့် အရောင်းသွက်ကုန်ပစ္စည်း ဖြစ်လာကြောင်း
သိရသည်။
မြန်မာနိုင်ငံတွင် လျှော်ဖြူကို မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး
တို့တွင် စိုက်ပျိုးဖြစ်ထွန်းနေပြီး လျှော်ဖြူအသန့် တစ်ပိဿာလျှင် ငွေကျပ် လေးသောင်း၊ လျှော်ဖြူ အမျှင်တစ်ပိသာ
လျှင် ငွေကျပ် ငါးသောင်း ပေါက်စျေး ရရှိသည်ဟု ဆိုသည်။
လျှော်ဖြူစိုက်ပျိုးရေးလုပ်ငန်းသည် စတင်စိုက်ပျိုးချိန်မှစ၍ ငါးနှစ်ခန့်ကြာမှ ဝင်ငွေ ပြန်လည်ရရှိနိုင်သည့်
စိုက်ပျိုးရေးလုပ်ငန်းတစ်ခုဖြစ်သော်လည်း ဝင်ငွေပြန်လည်ရရှိသည့် နှစ်တွင် ရင်းနှီးလုပ်ကိုင်ဆောင်ရွက်
ခဲ့သည့် ကုန်ကျငွေများကို ပြန်လည်ရရှိနိုင်ပြီး ပြည်ပစျေးကွက်များသို့ တင်ပို့ရောင်းချနိုင်ပါက စိုက်ပျိုး
ထုတ်လုပ်သူများအတွက် ပိုမို တွက်ခြေကိုက်မှု ရှိလာမည် ဖြစ်ကြောင်း သိရသည်။









