၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုဘတ်ဂျက်ငွေဖြင့် ပြန်လည်ပြုပြင်ထိန်းသိမ်းထား
ပြီးသော အင်းဝမြို့ ရှိ နန်းမြင့်မျှော်စင်ကြီးကို ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်ပြီးသော်လည်း နန်းမြင့်
မျှော်စင်ကြီး ရေရှည်တည်တံ့ရေး နှင့် လာရောက်ကြည့်ရှုသော ပြည်တွင်း၊ ပြည်ပခရီးသွားများ
အန္တရာယ်ကင်းစေရန်အတွက် တက်ရောက်ကြည့်ရှုခွင့်ပြုတော့မည်မဟုတ်ကြောင်း အင်းဝ
ရှေးဟောင်းသုတေသနနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်ကို
ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင် ဇန်နဝါရီလ ၁၃ ရက်က ဖော်ပြထားသည်။
၁၂ဝဝ ပြည့်နှစ်က ငလျင်ကြောင့် ယိမ်းယိုင်သွားခဲ့သော မျှော်စင်ကြီးကို ရှေးဟောင်းသုတေသန
ဌာနက ပြုပြင်ထိန်းသိမ်းမှုများ စဉ်ဆက်မပြတ်ပြုလုပ်ခဲ့ကြောင်း၊ သို့ရာတွင် မျှော်စင်ကြီး၏
သက်တမ်းမှာ ရှည်ကြာလာသဖြင့် မျှော်စင်ကြီးရေရှည်တည်တံ့ရေးနှင့့် မတော်တဆထိခိုက်
ပျက်စီးမှုများဖြစ်လာနိုင်ခြင်းမှ ကာကွယ်ရေးအတွက် ယခင်ကဲ့သို့ တက်ရောက်ကြည့်ရှုခွင့်မပြု
တော့ကြောင်း အင်းဝပြတိုက်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
အင်းဝမြို့ရှိ နန်းမြင့်မျှော်စင်ကြီးသည် ဘကြီးတော်မင်းလက်ထက်က တည်ဆောက်ခဲ့သော
ကုန်းဘောင်ခေတ်လယ် လက်ရာမျှော်စင်ကြီးတစ်ခုဖြစ်သည်။ မျှော်စင်ကြီးပေါ်သို့ တက်
ရောက်ခွင့်မပြုသည့် ဆိုင်းဘုတ်ကို အင်္ဂလိပ်- မြန်မာ နှစ်ဘာသာဖြင့် ရေး၍ မျှော်စင်ကြီးရှေ့
တွင် စိုက်ထူထားကြောင်း သိရသည်။
ပြန်လည်ပြုပြင်ထားသော အင်းဝမြို့ရှိ နန်းမြင့်မျှော်စင်ကြီးကို အပေါ်သို့ တက်ခွင့်ပြုတော့မည် မဟုတ်










