မိဘမဲ့လူငယ်များအား သိုင်းပညာသင်ကြားပေး

မိဘမဲ့လူငယ်များအား သိုင်းပညာသင်ကြားပေး

မိတ္ထီလာမြို့ နယ် ၊ မေတ္တာရိပ်မြံုလူငယ်ဖွံ့ဖြိုးရေးဂေဟာ၌ မိဘမဲ့တိုင်းရင်းသားလူငယ်များအား
သိုင်းပညာအခမဲ့ သင်ကြားပေးလျှက်ရှိကြောင်းပြန်ကြားရေးဝန်ကြီးဌာန၏လူမှုကွန်ရက်စာမျက်နှာတွင်
ဇန်နဝါရီလ ၁၅ရက်နေ့ကဖော်ပြထားသည်။

အဆိုပါ သိုင်းသင်တန်းကို မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ် အဖွဲ့ဝင်၊ မန္တလေး တိုင်းဒေသကြီး မြန်မာ့သိုင်း
ဆပ်ကော်မတီ ၊ မြန်မာသိုင်း မျိုးဆက် သစ်ပြန့်ပွားရေးအဖွဲ့ဝင် ဦးအောင်မျိုးက မြန်မာ့သိုင်းပညာ
မျိုးဆက် သစ် ပြန့်ပွားရန်အတွက်သင်ကြားခြင်းဖြစ််သည်။

မိတ္ထီလာမြို့နယ် ပြည်သာယာတောင် ရပ်ကွက် အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာန၏ အသိအမှတ်ပြု
(ပထမ)အဆင့် မိဘမဲ့ တိုင်းရင်းသားလူငယ်များအား ပညာသင်ကြားပေးလျှက်ရှိ သည့် မေတ္တာ
ရိပ်မြံုလူငယ်ဖွံ့ဖြိုးရေး ဂေဟာ၌ ကချင်၊ ကရင် ၊ ဝ၊ လာခူ၊ အခါ၊ နာဂနှင့် ကချင်ဂျူးစသည့်
မိဘမဲ့တိုင်းရင်းသားလူငယ် (၆၈)ဦးတို့အား သိုင်းပညာ အခြေခံ များကိုသင်ကြားလျက်ရှိသည်။