စိမ်းပြာရေညှိထွက်ရှိရာ တွင်းတောင်အင်းအတွင်းသို့ ရေချိုမဝင်စေရေး ထိန်းသိမ်းကာကွယ်ရန် လိုအပ်

စိမ်းပြာရေညှိထွက်ရှိရာ တွင်းတောင်အင်းအတွင်းသို့ ရေချိုမဝင်စေရေး ထိန်းသိမ်းကာကွယ်ရန် လိုအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်အတွင်း၌ တည်ရှိသော သဘာဝစိမ်းပြာ
ရေညှိထွက်ရှိသည့် တွင်းတောင်အင်းအတွင်းသို့ ရေချိုဝင်ရောက်မှုကြောင့် ရေညှိထွက်ရှိမှုနည်း
လာသဖြင့် ထိန်းသိမ်းကာကွယ်ရန် လိုအပ်နေကြောင်း Renewable Energy Association
Myanmar
၏ ပြောကြားချက်ကို ကိုးကားကာ မြဝတီ သတင်းတစ်ရပ်တွင် ဇန်နဝါရီလ ၁၆ ရက်
နေ့က ဖော်ပြထားသည်။

တွင်းတောင်အင်းအတွင်း ရေချိုစိမ့်ဝင်နေမှုအခြေအနေကို ထိန်းချုပ်နိုင်ခြင်းမရှိသေးကြောင်း၊ မိုး
ရွာသွန်းမှု မရှိသော်လည်း ရေချိုဝင်ရောက်မှုရှိနေသဖြင့် စိမ်းပြာရေညှိထုတ်လုပ်နိုင်မှုမရှိသေး
ကြောင်း သိရသည်။ ၂ဝ၁၂ ခုနှစ်မှစ၍ စိမ်းပြာရေညှိထွက်ရှိမှု လျော့နည်းလာသောကြောင့်
၂ဝ၁၃ ခုနှစ်မှစတင်၍ ထုတ်လုပ်မှု ရပ်ဆိုင်းထားခဲ့ရပြီး နောက်ပိုင်းတွင် ပိုမိုဆိုးရွားလာနိုင်သည့်
အတွက် နိုင်ငံတော်အစိုးရအနေဖြင့် ထိန်းသိမ်းဆောင်ရွက်ပေးရန် လိုအပ်လာပြီဟု ဆိုသည်။

ကမ္ဘာပေါ်တွင် ရှားပါးသည့် စိမ်းပြာရေညှိထွက်ရှိရာ ရေကန်ကြီးဖြစ်သော တွင်းတောင်အင်းသို့
ပြည်တွင်းပြည်ပ မှ လေ့လာသူများ နှစ်စဉ်လာရောက်လေ့လာလျက်ရှိကြောင်း၊ ကမ္ဘာပေါ်တွင်
စိမ်းပြာရေညှိထွက်ရှိသော နေရာ ၄ ခုသာရှိပြီး မြန်မာနိုင်ငံမှ တွင်းတောင်အင်းလည်း ပါဝင်
ကြောင်း၊ လက်ရှိတွင်  မည်ကဲ့သို့ ပြန်လည်ထိန်းသိမ်းမည်ကို သက်ဆိုင်ရာ တာဝန်ရှိသူများထံ
တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။