ဟံသာဝတီလေဆိပ်သစ်ကို အမေရိကန်ဒေါ်လာ နှစ်ဘီလီယံခန့် ကုန်ကျခံ တည်ဆောက်ရန်စီစဉ်

ဟံသာဝတီလေဆိပ်သစ်ကို အမေရိကန်ဒေါ်လာ နှစ်ဘီလီယံခန့် ကုန်ကျခံ တည်ဆောက်ရန်စီစဉ်

လာမည့် ၂ဝ၂၁ ခုနှစ်တွင် ၁၁ သန်းခန့်အထိ တိုးတက်များပြားလာနိုင်ဖွယ်ရှိသည့် လေကြောင်း
ခရီးသည်များကို ၀န်ဆောင်မှုပေးနိုင်ရေးအတွက် လေကြောင်းကွန်ရက်ဆုံရပ်၌ ဟံသာဝတီ
အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကို တည်ဆောက်ရန် စီစဉ်လျက် ရှိကြောင်း ပို့ဆောင်ရေး
၀န်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် ဇန်နဝါရီ လ ၁၃ ရက်က ဖော်ပြထားသည်။

စီမံကိန်း၏ ခန့်မှန်းကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ နှစ်ဘီလီယံခန့် ဖြစ်ပြီး မြန်မာနိုင်ငံ
အစိုးရက Public Factilites တည်ဆောက်ရေးခန့်မှန်းကုန်ကျစရိတ်အတွက် ဂျပန်နိုင်ငံမှ
ODA ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၈၉ဝ ချေးယူမည် ဖြစ်ပြီး လုပ်ငန်းဆောင်ရွက်မည့်
Consortium မှ ချေးငွေ၏ အတိုးနှင့် အရင်းအား ပြန်လည် ပေးဆပ်သွားမည် ဖြစ်သည်။

တိုးတက်များပြားလာမည့် လေယာဉ်များ၊ ကုန်တင်လေယာဉ်များအား အပြည်ပြည်ဆိုင်ရာ
မြို့ပြလေကြောင်း အဖွဲ့ချုပ်၏ ဘေးအန္တရာယ်ကင်းဝေးရေးဆိုင်ရာ စံချိန်စံညွှန်းများအတိုင်း
ဆောင်ရွက်ရန်နှင့် လုံခြံုရေးကောင်း သော အော်ပရေးရှင်းပြုလုပ်နိုင်ရန်အတွက် တစ်နှစ်လျှင်
ခရီးသည် ၁၂ သန်းကို ၀န်ဆောင်မှုပေးနိုင်မည့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်
သစ်တည်ဆောက်ရန် နိုင်ငံတကာတင်ဒါစနစ်ဖြင့် စိစစ်ရွေးချယ်ခဲ့ကြောင်း၊ ဂျပန်နိုင်ငံအစိုးရ
ဘက်မှ ODA ချေးငွေပေးရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ခေတ်မီသော Digital နည်းစနစ်များဖြင့် နိုင်ငံတကာအဆင့်မီ လေဆိပ်သစ်အား လေးနှစ်အတွင်း အကောင်အထည်
ဖော် ဆောင်ရွက်သွားရန် ရှိကြောင်း ပို့ဆောင််ရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။