ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန်အတွင်း နေဝင်ချိန်ရှုခင်းကြည့်ရှုရန် သီးသန့်နေရာများ ရှာဖွေ
ဖော်ထုတ်၍ ဘုရားများပေါ်သို့ တက်ရောက်ပြီး ရှုခင်းကြည့်ရှုခွင့်အား လျှော့ချသွားမည် ဖြစ်
ကြောင်း ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၏ ပြောကြားချက်ကို ကိုးကားကာ
မြဝတီသတင်းတစ်ရပ်တွင် ဇန်နဝါရီလ ၁၆ ရက်က ဖော်ပြထားသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းသို့ လာရောက်သည့် ပြည်တွင်း၊ ပြည်ပခရီးသွား
များ နေဝင်ချိန်ရှုခင်း ကြည့်ရှုနိုင်ရန်အတွက် သီးသန့်နေရာ ငါးခု ရှာဖွေဖော်ထုတ်သွားမည်
ဖြစ်ပြီး လက်ရှိတွင် အနောက်ဖွားစောရွာ အနောက်မြောက်ဘက်ရှိ ကိုမောက် ကန်ပေါင်
ပေါ်၌ တစ်နေရာရွေးချယ်ထားကြောင်း၊ ကျန်လေးနေရာအား ထပ်မံ ရှာဖွေလျက် ရှိကြောင်း
ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးတင့်က ပြောကြားခဲ့သည်။
နေဝင်ချိန်ရှုခင်းကြည့်ရှုရန် နေရာစီစဉ်ပြီးပါက ဘုရားပေါ် တက်ခွင့်ကို လုံးဝပိတ်ပင်ခြင်းမဟုတ်
ဘဲ တက်ရောက်ခွင့်အတွက် အခကြေးငွေကောက်ခံခြင်း၊ တက်ရောက်ချိန်ကန့်သတ်ခြင်း စသည့်
နည်းလမ်းများဖြင့် ဘုရားများပေါ် တက်ရောက်ခွင့်ကို လျှော့ချသွားမည် ဖြစ်ကြောင်း၊ လက်ရှိတွင်
နေဝင်ချိန်ရှုခင်းကို ဘုရားများပေါ်သို့ အမျိုးသမီး များပါ နေ့စဉ်တက်ရောက်ကြည့်ရှုနေသဖြင့် အဂါရဝ
ဖြစ်စေခြင်း၊ ဘုရားများ၏ ရေရှည်ကြံ့ခိုင်မှုကို ထိခိုက်နိုင် ခြင်းတို့ကြောင့် ယခုကဲ့သို့ တက်ရောက်ခွင့်
ကို လျှော့ချရန် စီစဉ်ခြင်း ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားခဲ့သည်။
ငလျင်လှုပ်ပြီးနောက် လက်ရှိတွင် ပုဂံဒေသရှုမျှော်ခင်းများ ကြည့်ရှုရန်အတွက် ရွှေဆံတော်၊ ပြသာဒ်
ကြီးနှင့် တောင်ဂူနီဘုရားများအပေါ်မှသာ ရှုမျှော်ခင်း ကြည့်ရှုခွင့်ပြုထားကြောင်း အဆိုပါအုပ်ချုပ်ရေးမှူး
ရုံးမှ သိရသည်။










