ရှေးဟောင်းခရီးစဉ်ဒေသ ငါးခုစီမံကိန်းမှ ရရှိသည့်ဝင်ငွေကို ဒေသခံပြည်သူများအား တိုက်ရိုက်
အကျိုးပြုနိုင်ရန် ဆောင်ရွက်မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွား
ညွှန်ကြားမှုဦးစီးဌာန၏ ပြောကြားချက်ကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင် ဇန်နဝါရီလ
၁၆ ရက်က ဖော်ပြထားသည်။
ရှေးဟောင်းခရီးစဉ် ဒေသငါးခုရှိ နိုင်ငံခြားသား ခရီးသွားများ စိတ်ဝင်စားသည့် နေရာများ၊ ဟိုတယ်
များ၊ စားသောက်ဆိုင်များ၊ ခရီးသွားဝင်ရောက်မှု၊ ခရီးသွားလုပ်ငန်းမှ ရရှိသည့် အကျိုးအမြတ် စသည့်
အချက် အလက်များကို ထည့်သွင်းအသုံးပြုသွားမည် ဖြစ်ပြီး ခရီးသွားလုပ်ငန်းမှ ရရှိသည့် ဝင်ငွေကို
ဒေသခံပြည်သူ များအား တိုက်ရိုက်အကျိုးပြုနိုင်ရန်နှင့် ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းရန်
အတွက် အသုံးပြုရန် နည်းလမ်းများ၊ ကမ္ဘာလှည့်ခရီးသည်ဝင်ရောက်မှုများလာပါက ဒေသ မပျက်စီး
စေရန် နည်းလမ်းများ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။
ရှေးဟောင်းခရီးစဉ်ဒေသငါးခုဖြစ်သည့် မန္တလေး၊ စစ်ကိုင်း၊ အင်းဝ၊ အမရပူရနှင့် မင်းကွန်းဒေသတို့တွင်
ခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရန်နှင့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်း
စောင့်ရှောက်ရန် စီမံ ကိန်းတစ်ခုကို အီတလီနိုင်ငံ Florence University က ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ
လက စတင်ရေးဆွဲခဲ့ပြီး လက်ရှိတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ခရီးစဉ်ဒေသ
များတွင် လိုအပ်သော စည်းမျဉ်းစည်းကမ်း ထုတ်ပြန်ခြင်း၊ ထိန်းသိမ်းမှုများနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို
ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အဆိုပါဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဦးစန်းယုက ပြောကြား
ခဲ့သည်။










