စော်ဘွားကြီး ဦးအောင်မြတ် သက်တော်(၁၅၅)နှစ်ပြည့်ပွဲတော်ကျင်းပ

စော်ဘွားကြီး ဦးအောင်မြတ် သက်တော်(၁၅၅)နှစ်ပြည့်ပွဲတော်ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဝန်းသိုမြို့၌ ဝန်းသိုမြို့တည်(၁ဝ၇၅) နှစ် ပြည့် အထိမ်းအမှတ်
နှင့် စော်ဘွားကြီး ဦးအောင်မြတ် သက်တော်(၁၅၅)နှစ် ပြည့် ပွဲတော်အခမ်းအနားကို ဇန်နဝါရီလ
၁၅ ရက်က ကျင်းပခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် ဇန်နဝါရီလ
၁၇ ရက်က ဖော်ပြထားသည်။

အခမ်းအနားတွင် အနယ်နယ်အရပ်ရပ်မှ ရှမ်းတိုင်းရင်းသားများနှင့် ဒေသခံပြည်သူများက ဝန်းသို
အာဇာနည် စော်ဘွားကြီးဦးအောင်မြတ်အား ပန်းစည်းချကာ တစ်မိနစ်ခန့် ငြိမ်သက်စွာဖြင့် ဂါရဝ
ပြုခဲ့ ကြပြီး မြို့တွင်းသို့ ရှမ်းရိုးရာ အကအလှများဖြင့် စီတန်းလှည့်လည်ခဲ့ကြကြောင်း၊ စော်ဘွားကြီး
သက်တော် (၁၅၅) နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကို ဦးအောင်မြတ်ခန်းမ၌ ကျင်းပရာ မုံရွာ
မြို့၊ လမ်းတံတားဆရာတော် ဦးသူရိယက နှုတ်ခွန်းဆက်စကားပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါပွဲတော်တွင် ရှမ်းရိုးရာ ပစ္စည်းအရောင်းပြခန်းများ၊ ရှမ်းနီအမျိုးသားဆိုင်ရာ ဓာတ်ပုံပြခန်းများ၊
စော်ဘွားကြီး၏ မှတ်တမ်းဓာတ်ပုံပြပွဲများကိုလည်း ပြသခဲ့ရာ ဒေသခံပြည်သူများ လာရောက်ကြည့်ရှု
ခဲ့ကြသည်ဟု ဆိုသည်။