အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၏ ငြိမ်းချမ်းရေးရန်ပုံငွေအတွက် စုပေါင်းပန်းချီပြပွဲ ကျင်းပမည်

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၏ ငြိမ်းချမ်းရေးရန်ပုံငွေအတွက် စုပေါင်းပန်းချီပြပွဲ ကျင်းပမည်

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၏ ငြိမ်းချမ်းရေးရန်ပုံငွေအတွက်
မန္တလေးမြို့ရှိ သီရိ ပန်းချီပြခန်းနှင့် ပန်းချီဆရာများ စုပေါင်း၍ ပန်းချီပြပွဲကျင်းပမည် ဖြစ်ကြောင်း
သီရိပန်းချီပြခန်းပိုင်ရှင် ဦးပုညဆွေ၏ ပြောပြချက်ကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင်
ဇန်နဝါရီလ ၁၇ ရက်က ဖော်ပြထားသည်။

အဆိုပါ ပန်းချီပြပွဲကို မန္တလေးမြို့၊ မင်္ဂလာမန္တလေးရှိ သီရိပန်းချီပြခန်း၌ ဖေဖော်ဝါရီ ၁၇ ရက်မှ
၂၂ ရက်ထိ ပြုလုပ်မည်ဖြစ်ပြီး ပန်းချီပြပွဲရောင်းချရငွေများမှ ၅ဝ ရာခိုင်နှုန်းကို အမျိုးသားပြန်လည်
သင့်မြတ်ရေးနှင့် ငြိမ်းချမ်း ရေးဗဟိုဌာန၏ ငြိမ်းချမ်းရေးရန်ပုံငွေအတွက် လှူဒါန်းမည် ဖြစ်ကာ ကျန်
၅ဝ ရာခိုင်နှုန်းကို ပန်းချီဆရာအား ပြန်လည်ပေးအပ်မည် ဖြစ်ကြောင်း သိရသည်။

ပန်းချီပြပွဲတွင် အထူးအစီအစဉ်အနေဖြင့် ပန်းချီဆရာများက ပန်းချီကားများကို သီရိပန်းချီပြခန်း
ရှေ့၌ လက်တွေ့ရေးဆွဲပေးပြီး အလှူငွေကောက်ခံကြမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါစုပေါင်း
ပန်းချီပြပွဲသို့ ပါဝင်ပြသလှူဒါန်းလိုသော ပန်းချီဆရာများအနေဖြင့် ပန်းချီဆရာတစ်ဦးလျှင် ပန်းချီကား
သုံးကားထိ ပေးပို့ ပြသနိုင်ကြောင်း ၄င်းက ဆက်လက်ပြောကြားခဲ့သည်။