နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကုလသမဂ္ဂ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စစ်ရန်ဟီလီနှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကုလသမဂ္ဂ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စစ်ရန်ဟီလီနှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်း
စုကြည်သည် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ
တင်သွင်းသူ မစ္စစ်ရန်ဟီလီနှင့် အဖွဲ့အား ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက် ၉ နာရီတွင် နေပြည်တော်
နို်င်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီး၏ ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီး
ဌာန ၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

တွေ့ဆုံရာတွင် ၂၁-ရာစုပင်လုံ ညီလာခံအောင်မြင်စွာ ကျင်းပနိုင်မှုအပါအဝင် ငြိမ်းချမ်းရေး လုပ်ငန်း
စဉ် ဖြစ်ပေါ်တိုးတက်မှုများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးများ၏ အခန်းကဏ္ဍ မြှင့်တင်
ရေး၊ လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးကိစ္စရပ်များတွင် မြန်မာနိုုင်ငံအနေဖြင့် ဆက်လက်
အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ တည်ဆဲဥပဒေများကို နိုင်ငံတကာစံနှုန်းနှင့်အညီ ပြန်လည်
သုံးသပ်မှုများ ပြုလုပ်ရေးနှင့် ဥပဒေကြမ်းရေးဆွဲမှုလုပ်ငန်းစဉ်များ၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်
မြောက်ပိုင်းဒေသအခြေအနေ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးမှုများ တိုးမြှင့်
ဆာင်ရွက်သွားရေး ကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် ရခိုင်ပြည်နယ်တွင် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလက ဖြစ်ပေါ်ခဲ့သည့် လြံုခုံရေးတပ်ဖွဲ့ဝင်များ
အား တိုက်ခိုက်ခံရမှုများကို ပြင်းထန်စွာ ရှုတ်ချကြောင်း အထူးအစီရင်ခံတင်သွင်းသူက ပြောကြားခဲ့ပြီး
နယ်မြေရှင်းလင်းရေး၊ လုံခြံုရေးဆောင်ရွက်မှုများနှင့် ပတ်သက်၍ ထွက်ပေါ်နေသည့် စွပ်စွဲပြောဆိုချက်
များနှင့် ပတ်သက်၍လည်းကောင်း၊ လိုအပ်သည့် လူသားချင်း စာနာထောက်ထားမှု အကူအညီများ
တိုးမြှင့်ပေးနိုင်ရေးနှင့် ပတ်သက်၍လည်းကောင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။