ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များ လည်ပတ်လေ့လာစရာ နေရာများပြားသည့် တောင်ပေါ်မြို့
ပြင်ဦးလွင်၏ ခရီးသွားလာရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ရက်တာလေ့လာရေး ခရီးစဉ်
များ ပါဝင်သည့် ပြင်ဦးလွင်လမ်းညွှန်မြေပုံကို ယခုလအတွင်း ထုတ်ဝေသွားရန် စီစဉ်ထားကြောင်း
မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း ပြင်ဦးလွင်ဇုန် အတွင်းရေးမှူး ကိုဝေဠု၏ ပြောကြား
ချက်ကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင် ဇန်နဝါရီလ ၁၈ ရက်နေ့က ဖော်ပြထားသည်။
ပြင်ဦးလွင် လမ်းညွှန်မြေပုံကို ဟိုတယ်များ၊ လေယာဉ်ကွင်းများ၊ ကားဂိတ်များနှင့် ခရီးသွားလုပ်ငန်း
များမှတဆင့် အခမဲ့ဖြန့်ဝေနိုင်ရန် စီစဉ်နေပြီး ပြင်ဦးလွင်မြို့၌ သဘာဝမပျက် ရှိနေသည့် နေရာများ
ကို ဖော်ထုတ်ပြီး ခရီးသွားလာရေး ဖွံ့ဖြိုးတိုးတက်စေရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရ
သည်။
လက်ရှိ ပြင်ဦးလွင်မြို့သို့ လာရောက်လည်ပတ်သည့် ခရီးသွားများအနက် ပြည်ပခရီးသွားများထက်
ပြည်တွင်း ခရီးသွားများက ပိုမိုများပြားနေသောကြောင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်
မှုသည် အိမ်နီးချင်း နိုင်ငံများနှင့် နှိုင်းယှဉ်ပါက နည်းပါးနေသေးသည်ဟု ဆိုသည်။










