ကုသိုလ်တော်ဘုရားကြီး၏ စိန်ဖူးတော်အား ဘုရားဖူးပြည်သူများ ဖူးမြော်နိုင်ရန်အတွက်
ကုသိုလ်တော်ဘုရားဝင်းအတွင်းရှိ ဓမ္မာရုံတွင် ပြသအပူဇော်ခံထားကြောင်း ကုသိုလ်တော်
ဘုရားကြီးဂေါပကအဖွဲ့၏ ပြောကြားချက်ကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင်
ဇန်နဝါရီလ ၁၇ ရက်နေ့က ဖော်ပြထားသည်။
ကုသိုလ်တော်ဘုရားကြီးအား ရွှေသင်္ကန်းကပ်လှူရာတွင် ယခင်ကပ်လှူနေကျအတိုင်း ငါးနှစ်
သက်တမ်းခံ အလှူငွေ သိန်း ၂၀၀၀ကျော် ခန့် အကုန်ကျခံကာ ဒီဇင်ဘာလကုန်ပိုင်းမှ စတင်၍
ရွှေသင်္ကန်းဆက်ကပ်ခဲ့ခြင်း ဖြစ်ပြီး ဇန်နဝါရီလဆန်းပိုင်းတွင် ကုသိုလ်တော်ဘုရားကြီး၏ စိန်
ဖူးတော်နှင့် ငှက်မျက်နားတော်တို့အား ကုသိုလ်တော် ဘုရားတောင်ဘက်မုဒ်ရှိ ဓမ္မာရုံအတွင်း
တွင် အပူဇော်ခံထားကြောင်း၊ သုံးလအတွင်း ပြီးစီးအောင် ကပ်လှူ သွားမည် ဖြစ်ကြောင်း
ကုသိုလ်တော်ဘုရားကြီး ဂေါပကအဖွဲ့ ဥက္ကဌ ဦးကျော်ဝင်းက ပြောကြားခဲ့သည်။
အဆိုပါ ကုသိုလ်တော်ဘုရားကြီးအား ၂၀၁၀ ခုနှစ်တွင် နောက်ဆုံးအကြိမ်အဖြစ် ရွှေသင်္ကန်း
ကပ်လှူခဲ့ခြင်း ဖြစ် သည်။ မင်းတုန်းမင်းတရားကြီး တည်ထားကိုးကွယ်ခဲ့ပြီး UNESCO Memory
of the World စာရင်းဝင် ဘုရား တစ်ဆူဖြစ်သည့် ကုသိုလ်တော်ဘုရားကြီးသည် ကျောက်ထွင်း
အက္ခရာ (၇၂၉) ချပ်ဖြင့် ကမ္ဘာပေါ်တွင် ထင်ရှားကျော်ကြားသည့် ဘုရားတစ်ဆူလည်း ဖြစ်သည်။










