ရခိုင်ပြည်နယ်အတွက် အင်ဒိုနီးရှားနိုင်ငံက ပေးအပ်သော လူသားချင်းစာနာမှု အထောက်အပံ့
ပစ္စည်းများ ပါဝင်သော ကုန်သေတ္တာ ၁ဝ လုံးကို ဇန်နဝါရီ ၁၈ ရက်က ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်
ဇေကမ္ဘာဝင်းအတွင်းမှ JAPFA ကုမ္ပဏီမော်တော်ယာဉ် ၁၈ စီးဖြင့် ရခိုင်ပြည်နယ်သို့ တင်ဆောင်
ထွက်ခွာသွားကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် ဇန်နဝါရီလ ၂၀
ရက်က ဖော်ပြထားသည်။
အဆိုပါ ထောက်ပံ့ပစ္စည်းများကို အင်ဒိုနီးရှားနိုင်ငံသမ္မတကြီး မစ္စတာဂျိုကိုဝီဒိုဒိုက မြန်မာနိုင်ငံအစိုးရ
အစီအစဉ်ဖြင့် ရခိုင်ပြည်နယ်အတွက် အကူအညီလိုအပ်နေသူများအတွက် ခွဲဝေပေးအပ်နိုင်ပါရန်
ဂျကာတာမြို့ရှိ Tanjung Priok ဆိပ်ကမ်းမှ သင်္ဘောဖြင့် ဒီဇင်ဘာ ၂၉ ရက်က တင်ပို့ပေးလိုက်ပြီး
မြန်မာနိုင်ငံဆိပ်ကမ်းသို့ ဇန်နဝါရီ ၁၂ ရက်တွင် ရောက်ရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါ ထောက်ပံ့ရေး
ပစ္စည်းများမှာ လုံချည် (Sarong) အထည် ၁ဝဝဝဝ ပါဝင်သည့် ကွန်တိန်နာ တစ်လုံး၊ အသင့်စား
ခေါက်ဆွဲခြောက် ပုံး ၁၅ဝဝ ပါဝင်သည့် ကွန်တိန်နာငါးလုံး၊ ဘီစကစ်နှင့် ကွေကာအုပ် အစရှိသော
ကလေးအစားအစာများ ပါဝင်သည့် ပုံးပေါင်း ၁ဝ၅ဝ ပါ ကွန်တိန်နာတစ်လုံး၊ ဂျုံအိတ် ၉၂ဝ ပါဝင်သည့်
ကွန်တိန်နာသုံးလုံး စုစုပေါင်းကွန်တိန်နာ သေတ္တာ ၁ဝ လုံးဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ အင်ဒိုနီးရှားသံရုံးမှ ဒုတိယအတွင်းဝန်ဖြစ်သူ Ms.Yaslltha Febrlany Murthias နှင့်
ဝန်ထမ်းတစ်ဦးပါဝင်သည့် ရှေ့ပြေးအဖွဲ့က ရခိုင်ပြည်နယ်သို့ ရောက်ရှိနေပြီး အင်ဒိုနီးရှားနိုင်ငံ
NGOs အဖွဲ့အစည်းများမှ တာဝန်ရှိသူ ငါးဦးက သံရုံးရှေ့ပြေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်သွား
မည် ဖြစ် သည်။ ယခင်ကလည်း အင်ဒိုနီးရှားနိုင်ငံအစိုးရ၏ လူသားချင်းစာနာထောက်ထားမှု
အကူအညီများ ဖြင့် အင်ဒိုနီးရှားနိုင်ငံ NGOs တစ်ခုဖြစ်သော PKPU မှ ရခိုင်ပြည်နယ်၌ ဆောက်
လုပ်ပေးထားသည့် စာသင်ကျောင်းနှစ်ကျောင်းကို အင်ဒိုနီးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးတက်
ရောက်၍ အခမ်းအနားဖြင့် ပေးအပ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
ထို့ပြင် အဆိုပါအဖွဲ့သည် နေထိုင်ပြီး ဇန်နဝါရီ ၂၃ ရက်အထိ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့်
ပူးပေါင်း ကာ ရခိုင်ပြည်နယ် အထူးသဖြင့် မောင်တောနှင့်ဘူးသီးတောင်မြို့နယ်ဒေသများရှိ
လူ့အသိုက်အဝန်းနှစ်ရပ်၏ အရေးပေါ်လိုအပ်ချက်များကို ဆန်းစစ်ချက်အချို့ပြုလုပ်ကာ အဆိုပါ
လိုအပ်ချက်များကို ရခိုင်ပြည်နယ်သို့ နောက်တစ်ကြိမ် လာရောက်ဖြည့်ဆည်းပေးနိုင်ရန် လူသား
ချင်းစာနာထောက်ထားမှုပစ္စည်းများ ပေးအပ်ရေးအဖွဲ့သို့ အသိပေးတင်ပြသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနရုံး ညွှန်ကြားရေးမှူး ဦး
ဝင်းရွှေက ပြောကြားခဲ့သည်။










