တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇန်နဝါရီ ၁၉ ရက်တွင်
နေပြည်တော်၊ တပ်မတော်ဆေးရုံကြီး၌ ၀ဲဘက်မျက်စိအတွင်းတိမ်အား ခွဲစိတ်ကုသရာ အောင်
မြင်စွာ ပြီးစီးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် ဇန်နဝါရီလ
၂၀ ရက်က ဖော်ပြထားသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား မျက်စိအထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာဦးသန်း
အောင်နှင့် ပါမောက္ခ ဒုတိယဗိုလ်မှူးကြီး သိန်းအောင်(အငြိမ်းစား) တို့ ဦးစီး၍ မျက်စိအတွင်းတိမ်
အား ခွဲစိတ်ခဲ့ပြီး မျက်တွင်းမှန်ဘီလူးအစားထိုးကုသမှုလုပ်ဆောင်ခဲ့ကာ ဇန်နဝါရီလ ၁၆ ရက်က
လည်း ယာဘက်မျက်စိအား အောင်မြင်စွာ ခွဲစိတ်ကုသပြီးစီးခဲ့ကြောင်း သိရသည်။
မျက်စိအတွင်းတိမ်ရောဂါသည် မြန်မာနိုင်ငံတွင် အဖြစ်အများဆုံးမျက်စိရောဂါတစ်ခုဖြစ်ပြီး တပ်
မတော် ဆေးရုံများတွင်သာမက တပ်မတော်နယ်လှည့် အထူးဆေးကုသရေးအဖွဲ့များဖြင့်လည်း
ပြည်သူလူထုအတွင်း လူနာအမြောက်အမြားကို ခွဲစိတ်ကုသပေးလျက်ရှိသည်ဟု ဆိုသည်။










