ပြည်ပသို့ မြန်မာသင်္ဘောသားများ ပို့ဆောင်ပေးသည့် သင်္ဘောကုမ္ပဏီ ၁၅ ခုကို လိုင်စင်ပိတ်သိမ်း

ပြည်ပသို့ မြန်မာသင်္ဘောသားများ ပို့ဆောင်ပေးသည့် သင်္ဘောကုမ္ပဏီ ၁၅ ခုကို လိုင်စင်ပိတ်သိမ်း

ပြည်ပသို့ မြန်မာသင်္ဘောသားများ ပို့ဆောင်ပေးသည့် ကုမ္ပဏီ ၁၅ ခုသည် ၂ဝ၁၅ ခုနှစ် ဧပြီလမှ
၂ဝ၁၆ ခုနှစ် နှစ်ကုန်အထိ သတ်မှတ်စည်းကမ်းချိုးဖောက်သည့်အတွက် လိုင်စင်ပိတ်သိမ်း
အရေးယူထားကြောင်း ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန သင်္ဘောဌာနခွဲညွှန်ကြား
ရေးမှူးဦးတိုးမြင့်၏ ပြောကြားချက်ကို ကိုးကားကာ မြဝတီသတင်းတစ်ရပ်တွင် ဇန်နဝါရီလ ၂၀
ရက်က ဖော်ပြထားသည်။

ထိုသို့စည်းကမ်းချိုးဖောက်ရာတွင် လေယာဉ်လက်မှတ်အတုပြုလုပ်သည့် ကုမ္ပဏီများ၊ ရေကြောင်း
ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၏ လက်မှတ်အတုများ ပြုလုပ်သည့် ကုမ္ပဏီများနှင့် ဥပဒေမဲ့
အခကြေးငွေရယူပြီး သင်္ဘောသားပို့ဆောင်သည့် ကုမ္ပဏီများကို လိုင်စင်ပိတ်သိမ်းအရေးယူခြင်း
ဖြစ်ကြောင်း သိရသည်။

သင်္ဘောကုမ္ပဏီများအနေဖြင့် ၄င်းတို့ ပို့ဆောင်ပေးသည့် မြန်မာနိုင်ငံသားသင်္ဘောသားများကို ပြည်ပ
သင်္ဘောသားစျေးကွက်တွင် လစာနှုန်းထားတန်းတူရရှိရေးနှင့် သင်္ဘောသားတစ်ဦး၏ အခွင့်အရေး
အပြည့်အဝ ရရှိရေးတို့ကို ဦးစားပေး ဆောင်ရွက်ပေးသင့်ကြောင်း သိရသည်။