စာရွက်စာတမ်းဖြင့် အလုပ်လျှောက်ထားရန် မလိုဘဲ ဒစ်ဂျစ်တယ်နည်းပညာ အသုံးပြု၍ အွန်လိုင်း
မှ အလုပ် လျှောက်ထားနိုင်မည့် မြန်မာ့ပထမဆုံး Paperless Job Fair ကို ရန်ကုန်မြို့ IBC ခန်းမ၌
ဇန်နဝါရီ ၂၂ ရက် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ကျင်းပမည် ဖြစ်ကြောင်း မြဝတီသတင်း
တစ်ရပ်တွင် ဇန်နဝါရီလ ၂၀ ရက်က ဖော်ပြထားသည်။
အဆိုပါ Paperless Job Fair တွင် ပြည်တွင်းမှ နာမည်ကြီး ကုမ္ပဏီပေါင်း ၃ဝ ခန့် ပါဝင်မည်ဖြစ်ပြီး
အလုပ် အကိုင် အမျိုးအစား နေရာပေါင်း ၄ဝဝ နီးပါးခေါ်ယူသွားမည် ဖြစ်ပြီး Ooredoo နှင့် Ongo
ကုမ္ပဏီနှစ်ခုက အဓိက ကူညီပံ့ပိုးပေးထားကြောင်း၊ CocaCola ၊ CDSG ၊ CB ဘဏ်နှင့် mDrive ၊
mCube ကုမ္ပဏီတို့ ကလည်း Platinum Sponsor အဖြစ် ပါဝင်ကာ အလုပ်အကိုင်နေရာများစွာကို
ပါဝင်ခေါ်ယူပေးမည် ဖြစ်ကြောင်း သိရသည်။
ဒစ်ဂျစ်တယ်နည်းစနစ်သုံး လျှောက်သည့် Paperless Job Fair တွင် ကုမ္ပဏီများ၏ ဝိုင်ဖိုင်အင်တာနက်
လိုအပ်ချက်အတွက် Frontiir Myanmar Net က တာဝန်ယူသွားမည် ဖြစ်ပြီး ပြပွဲသို့ လာရောက်မည့်
အလုပ် အကိုင်ရှာဖွေသူများထဲမှ အူရီဒူးဆင်းကတ်အသုံးမပြုသူများအတွက် Ooredoo Myanmar မှ
150 MB မိုဘိုင်းလ်အင်တာနက်ဒေတာအပြင် ဆင်းကတ်များကိုပါ အခမဲ့ဖြန့်ဝေပေးသွားမည် ဖြစ်သည်။
အလုပ်အကိုင် အမျိုးအစားများကို ခေါင်းစဉ်ခွဲခြားထားခြင်းမရှိသည့်အတွက် ကုမ္ပဏီများက ၄င်းတို့၏
လိုအပ် ချက် လစ်လပ်နေရာများစွာအတွက် အလုပ်အကိုင်အမျိုးအစားများစွာကို ခေါ်ယူသွားမည် ဖြစ်
ပြီး ကုမ္ပဏီများ၏ အလုပ်အကိုင် အမျိုးအစားများကို လျှောက်ထားသူများ သိရှိစေရန် Paperless Job
Fair 2007 ဖေ့ဘွတ် စာမျက်နှာတွင် နေ့စဉ်ဖော်ပြပေးလျက်ရှိရာ ယမန်နေ့အထိ အလုပ်လျှောက်လွှာ
အသစ်တင်သူ ဦးရေ ၁၈ဝဝ ကျော် ရှိနေပြီဟု ဆိုသည်။ ထို့ပြင် ပြပွဲသို့ လာရောက် အလုပ်လျှောက်
ထားသူများ အခက်အခဲမရှိစေရန် work. com.mm မှ ဝန်ထမ်းများက ကူညီ ဆောင်ရွက်ပေးသွားမည်
ဖြစ်ကြောင်း သိရသည်။









