ရာသက်ပန် နံပါတ်အနီ (AA, BB ) များမှလွဲ၍ ကျန်သည့် နံပါတ်အနီများ နံပါတ်အနက်သို့ ပြောင်းလဲသွားမည်

ရာသက်ပန် နံပါတ်အနီ (AA, BB ) များမှလွဲ၍ ကျန်သည့် နံပါတ်အနီများ နံပါတ်အနက်သို့ ပြောင်းလဲသွားမည်

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ပြေးဆွဲနေသည့် ရာသက်ပန် နံပါတ်အနီ (AA, BB ) အငှားယာဉ်
များမှ လွဲ၍ ကျန်သည့် နံပါတ်အနီ အငှားယာဉ် များကို နံပါတ်အနက်အဖြစ် ပြန်လည်ပြောင်းလဲ
သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပြောကြားချက်ကို ကိုးကားကာ
မြဝတီသတင်းတစ်ရပ်တွင် ဇန်နဝါရီလ ၂၀ ရက်က ဖော်ပြထားသည်။

ယင်းကဲ့သို့ ပြောင်းလဲရာတွင် ရန်ကုန်မြို့ရှိ အငှားယာဉ် စီးနင်းမည့် လူဦးရေအချိုးနှင့် တွက်ချက်၍
ရာသက်ပန် မဟုတ်သည့် နံပါတ်အနီ အငှားယာဉ်များကို အိမ်စီးနံပါတ်အနက်အဖြစ် ပြောင်းလဲ
ပေးမည် ဖြစ်ကြောင်း သိရသည်။ ယခင်က နယ်မှ ရန်ကုန်မြို့တွင်းသို့ ဝင်လာသည့် ယာဉ် များပြား
သည့်အတွက် မြို့ဝင်ကြေး ကြီးမြင့် မှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့ကြောင့် နယ်မှ ဝင်လာသည့် ယာဉ်
များကို တိတိကျကျ အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း၊ နောက်ပိုင်းတွင် ရန်ကုန်မြို့ အဝင်နေရာ
၌ ကားပါကင်ဖွင့်လှစ်ကာ ကားထား၍ မြို့တွင်းသို့ ဘတ်စ်ကားပြောင်းစီးနိုင်မည့် စနစ်မျိုး ဖော်ဆောင်
ရန် စီစဉ်နေကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့် ရန်ကုန်မြို့၏ သယ်ယူပို့ဆောင်ရေးစနစ်ကို တစ်ဆင့်ချင်း
တက်လှမ်း နေပြီး အငှားယာဉ်များကို Call Center မှ ထိန်းချုပ်ကာ ဆော့ဖ်ဝဲလ်အသုံးပြု၍ ငှားရမ်း
နိုင်မည့် စနစ်ကိုလည်း ဖော်ဆောင်သွားမည်ဟု ဆိုသည်။