မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းနာယက၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု
ဝန်ကြီး ဦးဝင်းခိုင်အား အာရှ-ပစိဖိတ် အင်ဂျင်နီယာအဖွဲ့ချုပ်နှင့် အာဆီယံအင်ဂျင်နီယာ
အဖွဲ့ချုပ်တို့က ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်များ ချီးမြှင့်ခြင်းနှင့် ဂုဏ်ပြုညစာစားပွဲ အခမ်း
အနားကို ရန်ကုန်မြို့၊ နိုဗိုတယ်ဟိုတယ်၌ ဇန်နဝါရီ ၂၁ ရက်က ကျင်းပခဲ့ကြောင်း ပြန်ကြား
ရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် ဇန်နဝါရီလ ၂၃ ရက်တွင် ဖော်ပြထားသည်။
အစီအစဉ်အရ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းဥက္ကဋ္ဌ ကိုယ်စား ဒုတိယဥက္ကဋ္ဌ ဦးလင်းက
နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး AFEO ကိုယ်စားလှယ် Chair of Foreign Affairs
Committee of EIT Dr.Panich Voottipruex က Award Citation ကို ဖတ်ကြားခဲ့သည်။
ထို့နောက် FEIAP ကိုယ်စားလှယ် Dr. Gue See Saw က အာရှ-ပစိဖိတ်အင်ဂျင်နီယာအဖွဲ့
ချုပ်က ချီးမြှင့်သည့် Outstanding Engineer of the Year 2016 Award ကိုလည်းကောင်း၊
AFEO ကိုယ်စားလှယ် President Electlr. David Lai က အာဆီယံအဖွဲ့ချုပ်က ချီးမြှင့်သည့်
AFEO Distinguished Honorary Fellow 2016 Award ကိုလည်းကောင်း ပေးအပ်ချီးမြှင့်ရာ
မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းနာယက ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က လက်ခံရယူခဲ့
ကြောင်း သိရသည်။
ယခု ချီးမြှင့်ခဲ့သော ဆုတံဆိပ်များအနက် အာရှ- ပစိဖိတ်အင်ဂျင်နီယာအဖွဲ့ချုပ်က ချီးမြှင့်ပေး
သော Outstanding Engineer of the Year 2016 Award သည် မြန်မာနိုင်ငံတွင် ပထမဦးဆုံး
အကြိမ် ချီးမြှင့်ခြင်းခံရခြင်း ဖြစ်ပြီး အင်ဂျင်နီယာအသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးတိုးတက်စေရေး
အတွက် တစိုက် မတ်မတ်ဆောင်ရွက်ခဲ့မှုများကို အသိအမှတ်ပြုခံရခြင်းအတွက် ပေးအပ်ခဲ့ခြင်း
ဖြစ်သည်ဟု ဆိုသည်။









