မရမ်းချောင်တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေး အမြဲတမ်းစစ်ဆေးရေးစခန်း ပြန်လည် ဖွင့်လှစ်မည်

မရမ်းချောင်တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေး အမြဲတမ်းစစ်ဆေးရေးစခန်း ပြန်လည် ဖွင့်လှစ်မည်

 

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ မရမ်းချောင်တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေး
အမြဲတမ်း စစ်ဆေးရေးစခန်းကို မကြာမီ ပြန်လည်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း မြဝတီ
သတင်းတစ်ရပ်တွင် ဇန်နဝါရီလ ၂၀ ရက်က ဖော်ပြထားသည်။

ကုန်သွယ်မှုလျင်မြန်စေရန် တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေး အမြဲတမ်းစစ်ဆေးရေး
စခန်းအချို့ကို ယခင်က ပိတ်သိမ်းခဲ့ရာ မရမ်းချောင်စစ်ဆေးရေးစခန်းလည်း ပါဝင်ခဲ့ပြီး ၂ဝ၁၂
ခုနှစ် ဇန်နဝါရီ ၁၆ ရက်တွင် စတင် ပိတ်သိမ်းခဲ့ကြောင်း၊ စခန်းကို ပြန်လည်ဖွင့်လှစ်ရခြင်းမှာ
စစ်ဆေးရေး စခန်းများ ပိတ်သိမ်းရာတွင် တရားမဝင် ကုန်သွယ်မှု များပြားလာပြီး နိုင်ငံတော်အတွက်
ရသင့်သော အခွန်များ မရရှိဘဲ ဆုံးရှုံးမှုများဖြစ်ပေါ်နေသည့်အတွက် မရမ်းချောင်အမြဲတမ်းစစ်ဆေး
ရေး ဂိတ်စခန်းကို ပြန်လည် ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း သိရသည်။

စစ်ဆေးရေးစခန်းဖွင့်လှစ်မည့် အသေးစိတ်စီမံချက်ကို ပြည် ထောင်စုအစိုးရထံ တင်ပြထားပြီး
ပြည်ထောင်စုအစိုးရက ရက်သတ်မှတ်ပြီးမှသာ ပြန်လည်ဖွင့်လှစ်သွားမည်ဟု ဆိုသည်။ အဆိုပါ
စစ်ဆေးရေးဂိတ်စခန်း၌ ကုန်သွယ်ရေး၊ လူဝင်မှုကြီးကြပ်ရေး၊ မူးယစ်အထူးအဖွဲ့၊ ကုန်းလမ်း
ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ
အသင်းချုပ်၊ အကောက်အခွန်ဌာန၊ အလုပ်သမားရေးရာဌာန၊ ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် မြန်မာနိုင်ငံ
ရဲတပ်ဖွဲ့ စသည့် ဌာနဆိုင်ရာ အဖွဲ့အစည်းပေါင်းစုံ ပါဝင်စစ်ဆေးမည် ဖြစ်ပြီး သယ်ဆောင်လာ
သည့် ကုန်ပစ္စည်း များကို အခွန်ကောက်ခံမည် မဟုတ်ဘဲ တရားဝင် အခွန်ပေးဆောင်ထားခြင်း
ရှိ၊ မရှိကိုသာ စစ်ဆေးသွားမည် ဖြစ်ကြောင်း၊ နယ်စပ်ကုန်သွယ်ရေးဌာနများ၌သာ အခွန်ပေး
ဆောင်ရမည် ဖြစ်ကြောင်း သိရသည်။