ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်၌ ဆီမီး ၅၀၀၀ ထွန်းညှိပူဇော်ပွဲ ကျင်းပမည်

ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်၌ ဆီမီး ၅၀၀၀ ထွန်းညှိပူဇော်ပွဲ ကျင်းပမည်

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်၌ ဟိန္ဒူမိသားစုများ စုပေါင်း
ပြုလုပ်မည့် (၁၅)ကြိမ်မြောက် ဆီမီး ၅ဝဝဝ ထွန်းညှိပူဇော်ပွဲကို ဇန်နဝါရီ ၂၈ ရက် ညပိုင်းတွင်
အဆိုပါ စေတီတော်ရင်ပြင်၌ ကျင်းပမည် ဖြစ်ကြောင်း မြဝတီသတင်းတစ်ရပ်တွင် ဇန်နဝါရီလ
၂၃ ရက်က ဖော်ပြထားသည်။

ဆီမီး ၅ဝဝဝ ထွန်းညှိပူဇော်ပွဲသို့ မည်သူမဆို လိုက်ပါနိုင်ပြီး ကားလက်မှတ်အတွက် ငွေကျပ်
၁၂ဝဝဝ၊ ကံစမ်းမဲ အတွက် ငွေကျပ် ၁ဝဝဝ၊ စုစုပေါင်း ငွေကျပ် ၁၃ဝဝဝ  ကျသင့်မည် ဖြစ်
ကြောင်း၊ ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက်တွင် ရန်ကုန်မှ ထွက်ခွာပြီး တောင်ခြေတွင် အဖွဲ့သား
များနှင့် ဘုရားဖူးလာ ပြည်သူများအားလုံးကို သက်သတ်လွတ် ထမင်းကျွေးမည် ဖြစ်ကြောင်း
သိရသည်။

တောင်ပေါ်သို့ မိမိအစီအစဉ်ဖြင့် မိမိတက်ပြီးနောက် ဆီမီးပူဇော်ပွဲကျင်းပစဉ် ညနေ ၆ နာရီတွင်
ရင်ပြင်ရှိ ဘုရားဖူးလာ ပြည်သူများကို သက်သတ်လွတ်ဒံပေါက် ဖြင့် ဧည့်ခံခြင်း၊ ကံစမ်းမဲနှိုက်
ပေးခြင်း စသည့် အစီအစဉ်များကို ထည့်သွင်းထားကြောင်း၊ နောက်နေ့နံနက် တောင်အောက်သို့
ပြန်ဆင်းကာ အားလုံးကို သက်သတ်လွတ်ထမင်းနှင့် ကျွေးမွေးဧည့်ခံပြီး ရန်ကုန်သို့ ပြန်လည်
ထွက်ခွာမည် ဖြစ်ကြောင်း ခရီးစဉ်တွင် လိုက်ပါမည့် မင်္ဂလာတောင်ညွန့်မြို့နယ်မှ ဦးသန်းစိုးက
ပြောကြားခဲ့သည်။

ကားလက်မှတ်များကို အလုံ၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ မင်္ဂလာတောင်ညွန့်၊ သာကေတနှင့်
သင်္ဃန်းကျွန်း မြို့နယ်တို့၌ အရောင်းကောင်တာ ၁၄ ခု ဖွင့်လှစ်ကာ ရောင်းချခဲ့ပြီး ခရီးစဉ်တွင်
ပါဝင်မည့် ကားများအားလုံး ဇန်နဝါရီ ၂၈ ရက် နံနက် ၅ နာရီတွင် သတ်မှတ်နေရာများမှ တစ်ပြိုင်
တည်း ထွက်ခွာကြမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဆီမီး ၅ဝဝဝ ထွန်းည ပူဇော်ပွဲကို တစ်နှစ်
တစ်ကြိမ် ကျင်းပခဲ့ရာ နောက်ပိုင်းတွင် လူသိများလာပြီး လှူဒါန်းသူများလည်း များပြားလာကြောင်း၊
ယခုနှစ်တွင် (၁၅) ကြိမ်မြောက် ကျင်းပမည့် ဆီမီး ၅၀၀၀ ထွန်းညှိပူဇော်ပွဲခရီးစဉ်တွင် လိုက်ပါလို
သူများနှင့် ပါဝင်လှူဒါန်းလိုသူများအနေဖြင့် ဖုန်း-ဝ၉- ၅၁၁၁ဝ၁၈၊ ဝ၉- ရ၃၂၄၂၅၃၃ နှင့် ဝ၉- ၅ဝဝ
၆၅၄၄ တို့သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။