ပြည်တွင်း၌ သဘာဝပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ရန် ကချင်ပြည်နယ်၊
ချီဖွေမြို့နယ်နှင့် ဆော့လော်မြို့နယ်အတွင်းရှိ မြေဧကလေးသိန်းခန့်ကို သယံဇာတနှင့် သဘာဝ
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂ဝ ရက်တွင် အီမောဘွန်းအမျိုးသားဥယျာဉ်
အဖြစ် သတ်မှတ်လိုက်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် ဇန်နဝါရီ
လ ၂၃ ရက်က ဖော်ပြထားသည်။
အီမောဘွန်းတောင်တန်းနှင့် ဝဆုတ်တောင်ကြောကို အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်လိုက်သော
ကြောင့် ဥယျာဉ်နှင့် ပတ်သက်၍ တားမြစ်ချက် ၁ဝ ချက်ကို ထုတ်ပြန်ကြေညာထားပြီး မည်သူမဆို
ကျူးကျော် ဝင်ရောက်နေထိုင်ခြင်းမပြုရန်နှင့် ဥယျာဉ်အတွင်း ရေထု၊ လေထုညစ်ညမ်းစေသည့် အပြု
အမူများ၊ အဆိပ်ခတ်သည့် အပြုအမူများ၊ အမျိုးသားဥယျာဉ်အတွင်း ဓာတ်သတ္တုတူးဖော်ခြင်း၊ တော
မီးရှို့ခြင်း၊ အမဲလိုက်ခြင်းနှင့် သစ်ခုတ်ခြင်းများ မပြုလုပ်ရန်နှင့် သဘာဝနယ်မြေအတွင်း မြေအရောင်း
အဝယ် ပြုလုပ်ခြင်းများ မဆောင်ရွက်ရန် တားမြစ်ထားသည့်အပြင် ထွန်ယက်စိုက်ပျိုးခြင်းနှင့် လုပ်ငန်း
လုပ်ကိုင်ခြင်းတို့ကိုလည်း တားမြစ်ထားကြောင်း သိရသည်။
အီမောဘွန်းအမျိုးသားဥယျာဉ်၏ နယ်နိမိတ်အကျယ်အဝန်းသည် ဆော့လော်နှင့် ခေါင်လန်ဖူးမြို့နယ်မှ
တိုင်းတာလျှင် မြောက်ဘက် ၂၂ မိုင်၊ အရှေ့ဘက် ၅၉ မိုင်နှင့် မြန်မာ-တရုတ်နယ်စပ် နယ်နိမိတ်တစ်
လျှောက်အထိ ပါဝင်ပြီး ယင်းမှတစ်ဆင့် အနောက်မြောက်ဘက် ၃ မိုင်အထိ ပါဝင်ပြီး ရှားပါးသစ်ပင်၊
ပန်းမန်များ ပေါက်ရောက်လျက် ရှိကာ မျိုးသုဉ်းပျောက်ကွယ်လုနီးပါး အန္တရာယ်နှင့် ရင်ဆိုင်နေရသော
ရှားပါးတိရိစ္ဆာန် စာရင်းဝင် ပန်ဒါနီနှင့် နှားခေါင်းလန် မျောက်မျိုးစိတ်တို့ ကျက်စားရာ ဒေသလည်း ဖြစ်
ကာ နယ်မြေသတ်မှတ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပဏာမစိစစ်ရေးအဖွဲ့ကို ဖွဲ့စည်းထားသည်ဟု
ဆိုသည်။










