ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ခုတင်(၅ဝဝ)ဆံ့ဆေးရုံကြီး တည်ဆောက်မည်
ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် ခုတင်(၅ဝဝ) ဆံ့ ပြည်သူ့
ဆေးရုံကြီးတစ်ရုံကို ဇန်နဝါရီလမှ စတင်၍ အကောင်အထည်ဖော် ဆောက်လုပ်ရန်
စီစဉ်လျက် ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် ဇန်န
၀ါရီလ ၂၃ ရက်က ဖော်ပြထားသည်။
အဆိုပါ ခုတင် (၅ဝဝ) ဆံ့ဆေးရုံကြီးဆောက်လုပ်ရေးအတွက် ကျန်းမာရေးနှင့် အားကစား
ဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ အပ်နှံကာ အဆောက်
အအုံဦးစီးဌာန တည် ဆောက်ရေး(၁)၊ အဆောက်အအုံအထူးအဖွဲ့(၁) မှ တာဝန်ယူကာ
ပဲခူးမြစ်လမ်းမကြီး၊ အမှတ်(၂) သန်လျင်တံတားအတက်၊ ပဲခူးမြစ်ကမ်းနံဘေး၊ ဒဂုံမြို့သစ်
(ဆိပ်ကမ်း) မြို့နယ်တွင် တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။









