ဘူတန်နိုင်ငံ ဘုရင်မင်းမြတ်၏ ဒွေးတော်ဖြစ်သူ ယခင်ဘူတန်ဘုရင်၏ ပထမမြောက် မိဖုရား
Her Majesty the Queen Mother Ashi Dorji Wangmo Wangchuck ဦးဆောင်သည့်
ကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့
သို့ ရောက်ရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် ဇန်နဝါရီလ
၂၄ ရက်က ဖော်ပြထားသည်။
ပထမမြောက် မိဖုရား Her Majesty the Queen Mother Ashi Dorji Wangmo Wangchuck
ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ရေးရာ ဦးစီးဌာန
ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ထွန်းဦးနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ
လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ပြီးနောက် ဧည့်သည်တော်ကိုယ်စားလှယ်အဖွဲ့သည် လှိုင်မြို့နယ်၊
ပါရမီကွန်ဒို၊ တိုက်အမှတ် ၁၂+၁၊ အခန်းအမှတ် ၁၃ဝ၂ ရှိ လူမှုရေးနှင့်လူသားချင်း စာနာထောက်
ထားမှု အကူ အညီများ ပေးနေသည့် မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်းသို့ သွားရောက်လေ့လာခဲ့
ကြောင်း သိရသည်။
ထို့နောက် ဧည့်သည်တော်ကိုယ်စားလှယ်အဖွဲ့သည် ရွှေတိဂုံစေတီတော်သို့ သွားရောက်၍ ဧည့်သည
တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးကာ စေတီတော်အား ဖူးမြော်ကြည်ညိုပြီး ပန်း၊ ဆီမီး၊ ရေချမ်း
ဆက်ကပ်လှူဒါန်းခဲ့ကြသည်ဟု ဆိုသည်။










