ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ရိုးရာယဉ်ကျေးမှုဂီတအက ဖျော်ဖြေပွဲကျင်းပ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ရိုးရာယဉ်ကျေးမှုဂီတအက ဖျော်ဖြေပွဲကျင်းပ

ဘင်္ဂလားဒေ့ရှ် ပြည်သူ့သမ္မတနိုင်ငံ၏ ရိုးရာယဉ်ကျေးမှုဂီတအကဖျော်ဖြေပွဲကို ဇန်နဝါရီလ ၂၃
ရက်တွင် ရန်ကုန်မြို့၊ သံလွင်လမ်းရှိ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံ
သံအမတ်ကြီး၏ နေအိမ်ရှေ့ မြက်ခင်းပြင်၌ ကျင်းပခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏
လူမှုကွန်ရက်စာမျက်နှာတွင် ဇန်နဝါရီလ ၂၄ ရက်က ဖော်ပြထားသည်။

ဖျော်ဖြေပွဲတွင် ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံ၏ Samina Husain Prema & Team အဖွဲ့မှ
အနုပညာရှင်များက ရိုးရာယဉ်ကျေးမှု ဂီတ၊ အကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး အဆိုပါ
ဖျော်ဖြေပွဲသို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်ကေသီစိုးနှင့် တာဝန်
ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr.Moha
-mmad Sufiur Rahman နှင့် ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ သံရုံးများမှ သံအမတ်ကြီးများ၊ သာသနာ
ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခ
ချုပ်ဦးအောင်နိုင်မြင့်နှင့် သဘင် ပညာဌာနမှ ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ ဖိတ်ကြား
ထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။