အရှေ့တောင်အာရှ မြားပစ်ပြိုင်ပွဲတွင် မြန်မာအသင်း နိုင်ငံအလိုက် ဒုတိယနေရာရရှိ

အရှေ့တောင်အာရှ မြားပစ်ပြိုင်ပွဲတွင် မြန်မာအသင်း နိုင်ငံအလိုက် ဒုတိယနေရာရရှိ

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် (၆) ကြိမ်မြောက် အရှေ့တောင်အာရှ မြားပစ်
ပြိုင်ပွဲကို ဇန်နဝါရီ ၂၁ ရက်မှ ၂၃ ရက်အထိ ရန်ကုန်မြို့ရှိ ကျိုက္ကဆံမြားပစ်ကွင်း၌ ကျင်းပခဲ့ရာ မြန်မာ
မြားပစ်အသင်းသည် နိုင်ငံအလိုက် ဒုတိယနေရာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ လူမှု
ကွန်ရက်စာမျက်နှာတွင် ဇန်နဝါရီလ ၂၄ ရက်က ဖော်ပြထားသည်။

ပြိုင်ပွဲအပြီး ဆုရရှိမှုတွင် ဖိလစ်ပိုင်က ရွှေခြောက်ခု၊ ငွေလေးခု၊ ကြေးနှစ်ခုဖြင့် ဗိုလ်စွဲခဲ့ပြီး မြန်မာက
ရွှေနှစ်ခု၊ ငွေလေးခု၊ ကြေးခြောက်ခုဖြင့် ဒုတိယ၊ မလေးရှားက ရွှေနှစ်ခု၊ ငွေတစ်ခု၊ ကြေးတစ်ခုဖြင့်
တတိယ၊ ဗီယက်နမ်က ရွှေနှစ်ခုဖြင့် စတုတ္ထ၊ ထိုင်းက ရွှေတစ်ခု၊ ငွေနှစ်ခု၊ ကြေးသုံးခုဖြင့် ပဥ္စမ၊
စင်ကာပူက ရွှေတစ်ခု၊ ငွေတစ်ခုဖြင့် ဆဋ္ဌမ၊ ဟောင်ကောင်က ငွေနှစ်ခု၊ ကြေးနှစ်ခုဖြင့် သတ္တမနနေရာ
တို့ ရရှိခဲ့ကြောင်း သိရသည်။