နဝမအကြိမ်မြောက် ရန်ကုန်ဓာတ်ပုံပွဲတော်ကို မတ်လ ၃ ရက်မှ ၁၉ ရက်အထိ ရန်ကုန်မြို့ရှိ
အထင်ကရ နေရာများ၌ ကျင်းပသွားမည် ဖြစ်ကြောင်း မြဝတီသတင်းတစ်ရပ်တွင် ဇန်နဝါရီ
လ ၂၄ ရက်က ဖော်ပြထားသည်။
လက်ရှိတွင် ပွဲတော်ကျင်းပမည့် နေရာများကို ရွေးချယ်နေပြီး ပြည်သူများ အထူးစိတ်ဝင်စားမည့်
နေရာများတွင် ရွေးချယ်ကျင်းပသွားမည် ဖြစ်ကြောင်း၊ ဓာတ်ပုံပွဲတော်ကို မည်သူမဆို အခမဲ့
လာရောက်ကြည့်ရှုလေ့လာနိုင် ကြောင်း အဆိုပါ ဓာတ်ပုံပွဲတော် ဖြစ်မြောက်ရေးအဖွဲ့မှ အဖွဲ့ဝင်
တစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါဓာတ်ပုံပွဲတော်တွင် မြန်မာနိုင်ငံ၌ ၁၉၁၈ ခုနှစ်မှ ၁၉၃၅ ခုနှစ်အတွင်း ဖြတ်သန်းခဲ့သည့်
ကာလများ၏ ပုံရိပ်များကို ဖော်ပြထားသည့် ဓာတ်ပုံများအပြင် ပြည်တွင်းပြည်ပဓာတ်ပုံပညာရှင်
များ ရိုက်ကူးထားသည့် ဓာတ်ပုံများနှင့် ဓာတ်ပုံသတင်းထောက်များ ရိုက်ကူးထားသည့် ဓာတ်ပုံ
များကိုလည်း ပြသသွားမည် ဖြစ်သည်။
ဓာတ်ပုံပွဲတော်နှင့်အတူ Yangon Photo Night 2017 အစီအစဉ်ကိုလည်း ပြင်သစ်ယဉ်ကျေးမှု
ဌာန၌ မတ် ၁၁ ရက်တွင် ကျင်းပသွားမည် ဖြစ်ပြီး ရန်ကုန်ဓာတ်ပုံပွဲတော်တွင် ဆုရရှိသည့်
ဓာတ်ပုံဆရာများကို နာမည်ကြီး အမှတ်တံဆိပ် ကင်မရာများနှင့်အတူ ဥရောပနိုင်ငံများ၌ ဓာတ်ပုံ
ပညာသွားရောက်သင်ကြားနိုင်မည့် အစီအစဉ်များကို ဆုချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း သိရ
သည်။









